VMware ThinApp နှင့် ဆော့ဝဲလ်တွေကို Portable လုပ်နည်း



Portable ဆော့ဝဲလ်ဆိုတာကတော့ Install လုပ်စရာမလိုပဲ တန်းသုံးလို့ရတဲ့အတွက် သုံးရတာအဆင်ပြေသလို

ဆိုင်တွေမှာ သွားထိုင်သူတွေ အတွက်လည်း စတစ်ထဲကို ထည့်ယူသွားပြီး သုံးရ လွယ်ကူပါတယ်။ တစ်ချို့ဆော့ဝဲလ်

တွေက Full Version မဟုတ်ပဲ ကီးတောင်းနေတာတွေဆိုရင် Patch ဖိုင်ထည့်ရတာတို့၊ Crack နဲ့ ကီးထည့်ရတာတို့

လုပ်ရပါတယ်။ လုပ်တတ်တဲ့လူတွေအတွက် မခက်ခဲပေမယ့် လူတိုင်းအတွက်တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။

အဲဒီတော့ အားလုံး သုံးလို့ အဆင်ပြေအောင် Portable လေး လုပ်ပြီး တင်ပေးကြတယ်။ သူငယ်ချင်းတို့လည်း

အဲလို ကိုယ်တိုင် Portable ဆော့ဝဲလ်တစ်ခုဖြစ်အောင် ဘယ်လိုလုပ်သလဲဆိုတာ သိချင် တတ်ချင်မယ်လို့ ထင်ပါတယ်။

 VMware ThinApp နဲ့ ဆော့ဝဲလ်တွေကို Portable လုပ်နည်းက အကောင်းဆုံး ဖြစ်သလို လူသုံးလည်း များပါတယ်။

ဆော့ဝဲလ် တော်တော်များများက Portable လုပ်ပြီးသားတွေ ရှိပါတယ်။ Google မှာ တစ်ချက်ရိုက်ရှာလိုက်ရင်


ခဏလေးနဲ့ တွေ့ပါတယ်။ကိုယ်လိုချင်တဲ့ ဆော့ဝဲလ်နာမည်နောက်မှာ Portable ဆိုတာလေး ထပ်ထည့်ပြီး ရှာလိုက်ပေါ့။

http://baltagy.blogspot.com/ နဲ့http://portableapps.com/apps တွေဟာလည်း Portable ဆော့ဝဲလ်တွေချည်းပဲ

တင်တဲ့ဆိုဒ် တွေပါ။ ဒါပေမယ့် တစ်ချို့ဟာတွေကျတော့ လုပ်ပြီးသား ရှာမရတာတို့ သူတို့လုပ်ထားတာကို သုံးရတာ

အဆင်မပြေတာတို့ စသည်ဖြင့် ကိုယ့်စိတ်ကြိုက် မဖြစ်ဘူးဆိုရင်တော့ ကိုယ်တိုင်ပဲ Portable လုပ်လိုက်တာက

ပိုပြီး ကောင်းမှာပေါ့နော်..။ VMware ThinApp နဲ့ ဆော့ဝဲလ်တစ်ခုကို Portable တဲ့နေရာမှာ အရေးအကြီးဆုံး

အချက်တစ်ခုက ကိုယ်လုပ်မယ့် ဆော့ဝဲလ်က Full Version ဖြစ်နေရပါမယ်။ ကီးတောင်းနေတဲ့ ဆော့ဝဲလ်တွေဆိုရင်

Patch , Crack စတာတွေနဲ့ Full Version ဖြစ်အောင် လုပ်ရပါတယ်။ http://keygens.nl/ ဆိုတဲ့ ဆိုဒ်က အဲဒါတွေချည်း

သီးသန့် တင်ပေးထားတာပါ။ ကိုယ်သုံးမယ့် ဆော့ဝဲလ်နာမည်နဲ့ ရိုက်ရှာလိုက်ပါ။ Patch မလုပ်တတ်ဘူးဆိုရင်တော့

ကျွန်တော် ဟိုနေ့က တင်ပေးထားတဲ့ Flash Song ဝါသနာရှင်များအတွက် SWiSH Max2 Full & Final  ဆိုတဲ့ ပို့စ်မှာ

သွားဖတ်ပြီး လေ့လာလိုက်ပါ။ Portable စမ်းလုပ်ချင်တယ်ဆိုရင်တော့ SWF.FLV.to.MP3.Converter လေး ဒေါင်းပြီး

လုပ်ကြည့်ပါ။ ဖိုင်ဆိုဒ်က 1MB တောင် မပြည့်ပါဘူး။ အထဲမှာ Patch ဖိုင် ထည့်ပေးထားပါတယ်။ ဆော့ဝဲလ်တွေကို

Portable လုပ်ဖို့ အဓိက လိုအပ်တဲ့  VMware ThinApp နဲ့ အသုံးပြုနည်းကို အောက်မှာ ဒေါင်းလုပ်လင့်ပေးထားပါတယ်။


Download: VMware ThinApp 

Download: Making Portable Application By catman



ကိုသူရိန်လင်း  မှ မူရင်းအတိုင်းကို အားလုံးသိစေရင် ပြန်လည်မျှဝေပေးခြင်းဖြစ်သည်....။

Comments

Popular posts from this blog

Window Zawgyi to Unicode Change script

How to work emmcdl.exe

Smart Google Apps Installer(4.0.3 မှ 4.2.2 ထိ Google App တွေကို လွယ်လွယ်ကူကူသွင်းကြမယ်)