How To Dual-Boot Windows 7 And Windows 8 On The Same PC

Windows
8 ကို မြည်းစမ်းသုံးစွဲချင် တယ် ဒါပေမယ့် Windows 7 ကို လည်း
မပစ်ရက်နိုင်တဲ့သူတွေအတွက် ကွန်ပြူတာတစ်လုံး တည်းမှာ windows နှစ် မျိုး
လုံး ကို dual-boot လုပ် ပြီး အ သုံးပြု နိုင် ပါ တယ်။ Windows 8
အခွေမရှိသေးသူတွေအတွက်ကျွန်တော်တင်ပေးထားပါတယ်။Windows 8 pro ကို အဲဒီ
page မှာ Download
ရယူပါ။ပြီးရင်တော့ ပထမအဆင့်အနေနဲ့ windows 8 အတွက် partition တစ်ခု
ပြုလုပ်ပေးရပါမယ်။ဒုတိယအဆင့်က တော့ windows 8 ကို partition အသစ်မှာ
install လုပ်တဲ့အပိုင်းကို ဆက်သွားပါမယ်။
Dual-booting Windows 7 And Windows 8
Windows
8 ကို install လုပ်ဖို့ အတွက် partition ပမာဏ ကို အနည်းဆုံး 20 gb
ပေးရပါမယ်။သင့်ကွန်ပြူတာမှာ
နေရာများများရှိရင်တော့များများပေးရင်ပိုကောင်းပါတယ်။ဒီ tutorial မှာတော့
software အနည်းငယ်သာစမ်းသပ်သုံးစွဲဖို့ ရည်ရွယ်တဲ့အတွက် 20 gb
ပဲပေးပါမယ်။Partition အသစ်ပြုလုပ်ဖို့ အတွက် Win + R ကို နှိပ်ပြီး diskmgmt.msc လို့ ရိုက်ပြီး ok နှိပ်ပါ။
Disk
management window ပေါ်လာရင် သင် ကြိုက်နှစ်သက်ရာ hard drive ပေါ်မှာ right
click နှိပ်ပြီး shrink volume ကိုနှိပ်ပါ။အောက်ကပုံမှာတော့ (C: ) hard
drive တစ်ခုပဲရှိတဲ့အတွက် C: ကနေပဲ နေရာမျှယူပြီး partition အသစ်တစ်ခု
ပြုလုပ်ပါမယ်။
Box တစ်ခုပေါ်လာရင် အရွယ်အစားကို mb ဖြင့် သတ်မှတ်ပေးရမှာပါ။20 gb လျာထားတဲ့အတွက် 1gb=1024 mb ရှိတဲ့အတွက် 20*1024=20480 mb နေရာပေးပြီး shrink ကိုနှိပ်ပါ။

Shrink ပြီးတာနဲ့  disk management window မှာ partition အသစ်တစ်ခု ရလာပါပြီ။အဲဒီ partition ကို format ချဖို့ အတွက် partition ပေါ်မှာ right click နှိပ်ပြီး new simple volume ကိုနှိပ်ပါ။

အောက်ကပုံမှာလို wizard တစ်ခုပေါ်လာရင် ဘာမှလုပ်စရာမလို ဘဲ next နှိပ်ပါ။

နောက် wizard မှာတော့ drive letter ကို သင်ကြိုက်နှစ်သက်ရာပေးပြီး next နှိပ်ပါ။

နောက် wizard ပေါ်လာရင် ကျန် တာတွေပြင်စရာမလိုဘဲ အောက်ကပုံမှာလို Volume label မှာ Windows 8 လို့  နာမည်ပေးပါ။Windows 8 ကို install လုပ်တဲ့အခါမှာ ဒီ hard drive မှာ install လုပ်မှာဖြစ်တဲ့အတွက် အမှတ်အသားပေးထားတဲ့ သဘောပါ။

ပြီးရင်တော့ windows 8 ကို Install လုပ်ဖို့  partition အသစ်တစ်ခု ရပါပြီ။

Installing Windows 8
Windows 8 ကို download လုပ်ပြီးရင်ရလာတဲ့ iso ဖိုင်ကို cd/dvd မှာ bruning softwares တွေသုံးပြီး burn ထားပါ။USB stick ကနေ install လုပ်ချင်တဲ့သွတွေအတွက် how to install windows from usb stick
ဆိုတဲ့ဆောင်းပါးကို ဖတ်ပါ။ပြီးရင်ကွန်ပြူတာကို restart ချပြီး BIOS
setting ကနေ cd/dvd (or) usb ကနေ boot တက်ပါ။ “press any key to boot from
CD or DVD” ဆိုတဲ့စာသားပေါ်လာရင် key တစ်ခုခု ကို အမြန်နှိပ်ပါ။ဒါဆိုရင်
windows 8 installation wizard ကိုရောက်ပါပြီ။အရေးကြီးတဲ့အပိုင်းတွေကို ပဲ
ပုံ တွေနဲ့ ပြပါမယ် ။ကျန်တာတွေကိုတော့ installation wizard
အတိုင်းလုပ်သွားရင်ရပါတယ်။အောက်ကပုံက wizard ပေါ်လာရင် next နှိပ်ပါ။
နောက် wizard မှာ Install now ကိုနှိပ်ပါ။
အောက် က wizard ပေါ်လာရင် custom(advanced) ကို နှိပ်ပါ။
အောက်က wizard ရောက်ရင်တော့ windows 8 partition ကိုရွေးပေးပါ။Partition မှား မရွေးမိအောင် ဂရုစိုက်ပါ။

နောက်အဆင့်တွေမှာတော့ windows ကို install လုပ်ပါလိမ့်မယ်။

Install
လုပ်ပြီးသွားရင်နောက်အဆင့်တွေမှာ pc name ပေးရပါမယ်။နောက်ပြီး express
setting (or) customize setting စတာတွေကို
ရွေးချယ်ခိုင်းမှာပါ။ကွန်ပြူတာကို log on လုပ်ဖို့  windows live id (or)
local account စတာကို ရွေးချယ်နိုင်ပါတယ်။Local account ကိုရွေးချယ်ပြီးရင်
user name and password တွေပေးပြီးရင် windows 8 ကိုသင်စပြီးအသုံးပြုလို့
့ရပါပြီ။Windows 8 ကို activate လုပ်ဖို့ အတွက် တော့ ဒီဆောင်းပါး
မှာဖတ်ပါ။ပြီးရင် windows ကို restart ချရင် os selection screen ကိုတွေ
့မြင်ရမှာပါ။Default အားဖြင့်တော့ seconds 30 ကြာလို့ မှ မရွေးချယ်ရင်
windows 8 ကို boot တက်ပါလိမ့်မယ်။ဒါကို ပြင်ချင်ရင်တော့ Change defaults
or choose other options ကိုနှိပ်ပါ။

Choose the default operating system ကို နှိပ်ပါ။

နောက်ဆုံးမှာတော့ Windows 7 ကိုရွေးချယ်ပေးလိုက်ရင် Windows 7 ကို default os အနေနဲ့ အသုံးပြုနိုင်ပြီး Windows 8 ကို အစမ်းသဘော သင်သုံးစွဲနိုင်ပါပြီ။

Comments
Post a Comment