Coolpad 7295C-C00 Firmware & YGDP Tool အသုံးပြုပြီးတင်နည်း
Coolpad = Yulong
YGDP ဆိုတာကတော့ Yulong General Download Platform ပါ။
လေ့လာနေတဲ့ ညီအကိုတွေအတွက်
သိသင့်တယ် ထင်လို့ပါ။
ပထမဦးဆုံး လိုအပ်တာတွေကို Download အရင်လုပ်ထားရအောင်။
*** Coolpad 7295C-C00 Firmware ***
*** YGDP Tools & Driver Download ***
လိုအပ်တာတွေ Download ဆွဲပြီးသွားရင်တော့ YGDP Tools အသုံးပြုနည်းလေး လေ့လာကြည့်ရအောင်
Coolpad Firmware များကို တင်နည်းများစွာရှိပါတယ်။ဒီထဲကမှ စာဖတ်သူဆွဲလိုက်တဲ့ Firmware ဟာ .CPB ဖိုင်ဖြစ်ခဲ့မယ်ဆိုရင် အလွယ်ဆုံး နဲ့ အကောင်းဆုံး Tools တစ်ခုဖြစ်တဲ့ YGDP Tool ကိုအသုံးပြုစေချင်ပါတယ်။

ပထမဦးဆုံး YGDP Tools & Driver Download ထဲမှာပါတဲ့
YGDP Tools & Driver ကို Install အရင်လုပ်ပါ။
ပြီးရင် ဖွင့်လိုက်ပါ။
အပေါ်ကပုံအတိုင်း ပေါ်လာပါလိမ့်မယ်။
Password နေရာမှာ369 ရိုက်ထည့်ပေးလိုက်ပါ။
အပေါ်ကပုံအတိုင်း ပေါ်လာပါလိမ့်မယ်။အပေါ်ဘားက Menu ထဲက Config ထဲကို ၀င်ပါ။
မိမိရေးချင်တဲ့ CPB Firmware ကို ရွေးပေးလိုက်ပါ။(ခု တင်မဲ့ Firmware က 7295C-C00 ကိုရွေးပါမယ်)

ပြီးရင် Start ကို နှိပ်ပါ။
Phone ကိုပါဝါပိတ်ပါ။
Volume + ကိုဖိပြီး ကြိုးထိုးပါ။
Coumputer က Driver သိသွားခဲ့ရင် အလိုလျှောက် Software ရေးသွားမှာပါ။
Comments
Post a Comment