Honor 4X ( Che2-UL00 ) Lollipop Root !
” Honor 4x ” ကို ” Lollipop Version ” တင်ပြီး အမြစ်တူးမရလို့ 
စိတ်ဒုက္ခရောက်နေသူများ မပူပါနဲ့ တော့ Complete Root ရပါပြီ
အညွှန်းလေးတွေတော့ သေချာဖတ်ပေးစေချင်ပါတယ်
တခုခုလွဲသွားခဲ့ရင်တော့ ” Make Your Owm Risk ” နော်
- Build Number 416 only
- Bootloader unlock require
အဲ့ဒါလေးတွေပြည့်စုံပြီဆိုရင် စလိုက်ရအောင်ဗျာ…
အရင်ဆုံးလိုအပ်တာလေးကိုဒေါင်းကြပါအုန်း
Download ( Honor 4x Lollipop Root )
ဒေါင်းလို့ ရလာတဲ့ထဲက custom_recovery.img လေးကို fastboot mode ကနေသွင်းပါ
fastboot mode ကို adb commend မှာခေါ်နည်း
adb reboot bootloader
fastboot mode မှ recovery သွင်းနည်း
fastboot flash recovery custom_recovery.img
ပြီးရင် fastboot reboot ဆိုတာလေးရိုက်လိုက်ပါ ပြီးရင်ဖုန်းက ပုံမှန်အတိုင်းပြန်တက်လာပါလိမ့်မယ်
အဲ့အဆင့်ရောက်ပြီဆိုလျှင် adb ကနေ recovery mode ကိုခေါ်ပါမယ်
adb မှ recovery ကိုခေါ်နည်း
adb reboot recovery
ပြီးရင် ဖုန်းမှာဘာမှပေါ်မှာမဟုတ်ပါဘူး officail recovery မဟုတ်တဲ့အတွက်ပြီးတော့
custom recovery မှာ GUI မပါတဲ့အတွက်ပါ
အဲ့အချိန်မှာ ကွန်ပြုတာမှာ device တခုတက်လာပါလိမ့်မယ် ဖုန်းကိုဘာခလုတ်မှမနှိပ်ပါနဲ့ 
အဲ့မှာ အောက်က commend လေးတွေတခုချင်းစီရိုက်ပါမယ်
” adb push UPDATE-SuperSU-v2.46.zip /su.zip ”
အဲ့ဒါဆိုရင် ဖုန်းပေါ်ကို Update supersu zip ကိုတင်နေပါပြီ ခဏနေပြီးပြီဆိုတာလေးပေါ်လာပါလိမ့်မယ်
အဲ့အချိန်မှာ နောက်ထပ် ထပ်ရိုက်ပေးရပါမယ်
“adb shell /sbin/recovery –update_package=/su.zip” ( – ) က နှစ်ခုရိုက်ပေးရမှာပါ
အဲ့လိုလေးရိုက်ပေးလိုက်ပါ ပြီးသွားပြီဆိုရင်တော့ဖုန်းက ပါဝါပိတ်ပြီး အားသွင်းတဲ့ပုံလေးပေါ်လာပါလိမ့်မယ်
ဖုန်းကို ပုံမှန်အတိုင်းပြန်ဖွင့်လိုက်ရင်အခုလို supersu လေးပေါ်နေတာတွေ့ ပါလိမ့်မယ်
အဲ့ဒါဆိုရင်တော့ အောင်မြင်စွာ အမြစ်တူးခြင်းပြီးဆုံးပါပြီ
အထဲမှာပါတဲ့ stock recovery ကတော့ official recovery ပြန်လိုချင်တဲ့ဘော်ဒါများအတွက်ထည့်ပေးထားတာပါ
အားလုံးအဆင်ပြေကြပါစေဗျာ…..
Credit- ညီပိုင်(MMSD Rom Finder)
Comments
Post a Comment