GPG EMMC Box နဲ့ Deadboot ပြန်နှိုးကြရအောင်

GPG EMMC Box နဲ့ Deadboot ပြန်နှိုးတဲ့ အကြောင်းလေးပေါ့နော်အရင်ဆုံးလိုအပ်တာတွေ ကတော့ GPG EMMC Box နဲ့ ကိုယ်ပြန်နှိုးချင်တဲ့ Model အတွက် Boot.bin ဖိုင်လေးပါGPG EMMC Box ကိုတော့ အဲဘောက်တွေ ရောင်းတဲ့ ဆိုင် တွေ ကနေ ၀ယ်ရမှာပေါ့နော်၊ Boot.bin ဖိုင်လေးကိုတော့ ဒီလင့်ကနေသွားဒေါင်းလို့ရပါတယ် ၊http://gpgindustries.com/download/GPGeMMC/index.php…လိုအပ်တာလေးတွေ ပြည့်စုံပြီ ဆိုရင် တော့ စလိုက်ကြ ရအောင်နော် ကျွန်တော် နမူနာ အနေနဲ့ Huawei C8810 Modelလေးနဲ့ ပြပေးထားပါတယ် ၊ ကဲစမယ်ဗျာ PC နဲ့ GPG EMMC Box ကိုချိတ်ပြီး PC ကနေ GPGeMMC ဆော့ဝဲ လေးကိုဖွင့်လိုက် ပါ ဆော့ဝဲ ပွင့်လာပြီဆိုရင် ဘယ်ဘက်အပေါ်ဆုံးဒေါင့်က JTAG အကွက်လေးကို တစ်ချက်နှိပ်ပြီး ပုံထဲမှာပြထားတဲ့ အမှတ်စဉ် ( 1 ) နေရာမှာ မိမိ လုပ်မဲ့ ဖုန်း အမျိုးအစား ကိုရွှေးရပါမယ် ၊ ( 2 )နေရာမှာတော့ Model ကိုရွှေး လိုက်ရင်( 3 )နေရာမှာပြထားတဲ့အတိုင်း မိမိရွှေးလိုက်တဲ့ အမျိုးအစား ရဲ့ JTAG ကြိုးခဲဆော်ရမဲ့ နေရာကိုပြပေးတဲ့ ပုံလေးပေါ်လာပါမယ် အဲပုံလေးအတိုင်း လုပ်မဲ့ဖုန်းမှာ JTAG ကြိုးကို ခဲ အရင်ဆော်ရပါမယ် ပြီးရင် GPGeMMC Box နဲ့ ချိတ်ပြီး အဲဖုန်း နဲ့ PC ကို လဲ USB ကြိုးနဲ့ ချိတ်ဆက်ပေးထားရပါမယ်။ပြီးရင် PC မှာ Run ထားတဲ့ GPGeMMC Box ဆော့ဝဲ့ ရဲ့ ( 4 ) နေရာမှာ ပြထားတဲ့ မှန်ဘီလူးလေးကိုနှိပ်ပြီး ဒေါင်းထားတဲ့ မိမိလုပ်မဲ့ ဖုန်းရဲ့ Boot.bin လေးကိုသွားရွှေးပေးပါ ။ ( 5 ) နေရာမှာတော့ ပြန်ရေးမဲ့ Boot ဖိုင်ဆိုဒ်လေး ကို ရွှေးပေးပြီး ( 6 ) နေရာက GPGJtag Default pinouts နေရာလေးကို တစ်ချက်နှိပ်ပေးပြီး ဘေးကအဖြူရောင် အကွက်ကြီးမှာ Device Ready...ok! လို့ ပေါ်လာပြီဆိုရင် Deadboot ပြန်နှိုးဘို့ အဆင်သင့်ဖြစ်ပြီပေါ့ဗျာ ........ ကဲ စမယ်နော် Run ထားတဲ့ ဆော့ဝဲ ကနေ Write >> Ok ပြီးရင် ဘေးက အဖြူရောင် အကွက်ထဲ မှာ ပေါ်လာတဲ့ စာအတိုင်း သူပြောသလို Power ခလုပ်လေးကို နှိပ်ပေးထားလိုက်ပါ ဆော့ဝဲ က ဖုန်းရဲ့ CPU IDနဲ့ Flash ID ကို စစ်ပြီး ( 7 ) မှာပြထားတဲ့ အတိုင်းပေါ်လာပြီ ဆိုရင်တော့ သူပြောသလို လက်ရှိလုပ်နေတဲ့ အလုပ်ကိုဆက်လုပ်မယ်ဆိုရင် နှိပ်ထားတဲ့ Power ခလုပ်ကို လွှတ်ပေးပါဆိုရင် လွှတ်ပေးလိုက်ပေါ့နော် ( 7 ) မှာပြထားတဲ့ အတိုင်းမပေါ်ဘဲ CPU ID & Flash ID နေရာတစ်ခုခု မှာ အနီရောင်စာတွေ နဲ့ ပေါ်လာပြီးမသိဘူးဆိုရင်ပြန်ရေးလို့ မရပါဘူး ) ဒါဆိုရင် Boot ဖိုင်လေးကိုပြန်ရေးခြင်းလုပ်ငန်းစပြီပေါ့နော် အောက်ကဘားတန်းလေးမှာ 100% ပြည့်ပြီး Write succeed!ဆိုရင်တော့ Deadbootပြန်နှိုးခြင်း ကိစ္စ ပြီးပြီ ပေါ့နော် ဖုန်းမှာခဲဆော်ထားတဲ့ Jtag ကြိုး လေးတွေ ကို ဖြုတ်ပြီး ဖုန်းကိုBattery ထည့် Power ဖွင့်ကြည့်လိုက် လို့ Logo လေးပေါ်လာပြီဆိုရင် အမောပြေပြီပေါ့နော် ...............ဒါပေမဲ့မပြီးသေးဘူးနော် အဲဖုန်းရဲ့ Firmware ကို အစအဆုံး ပြန်တင်ပေးဘို့ တော့ လို အပ်သေးတယ်နော် ….............( သိသလောက်ပြန်မျှဝေတာဖြစ်လို့ အမှားမယွင်းနဲ့ လိုအပ်တာလေးများရှိရင် ခွင့်လွှတ်ပေးကြ ပါအုံးနော် ) အားလုံးဘဲအဆင်ပြေကြပါစေဗျာ.................
Credit- ko nayla

Comments

Popular posts from this blog

Window Zawgyi to Unicode Change script

How to work emmcdl.exe

How To Make Create TWRP MT6592 MT6582 MT6572 MT6589 MT6595