How To Create Modified Kernels For Mi A1 To Root
ဘာမှ မပြောခင် အရင်ဆုံးပြောထားချင်တာက ယခုရေးထားသည့် အကြောင်းအရာများသည် “Beginner များအတွက်သာ ရည်ရွယ်ပါသည်။” ထိုကြောင့် ဆရာသမားများ အချိန်ကုန်ခံပြီးမဖတ်ကြဖို့ ဦးစွာ သတိပေးလိုက်ပါရစေ။ Mi A1 တွေ root ပြုလုုပ်ရန်အတွက် online ပေါ်မှ patched_boot.img များတင်ထားသည်ကို အားလုံးတွေ့ကြမှာပါ။ အဲ့ဒီ patched_boot.img များက ဘယ်ကရပါသလဲ၊ ဘယ်လိုပြုလုပ်ရင်ရနိုင်မလဲ၊ ဘယ်လိုအသုံးချရသလဲ၊ ဒီကောင်တွေကို အသုံးချပြီး Rooting ပြုလုပ်တဲ့အခါ ဘယ်လို Error တွေတက်နိုင်မလဲ၊ တက်လာတဲ့ error တွေကို ဘယ်လိုဖြေရှင်းနိုင်မလဲ၊ စသဖြင့် ပြောပြပေးမှာပါ။ ပထမဦးစွာ patched_boot.img ဘယ်ကရပါသလဲ၊ ဒါကတော့ရိုးရှင်းပါတယ် Stock Firmware File ထဲမှာ boot.img ရှိပါတယ်။ အဲ့ကောင်လေးကို modified ပြန်လုပ်ထားတာပါ။ ဘယ်လိုModified လုပ်ထားသလဲမေးရင် Magisk Manager.apk ကို အသုံးပြုပြီးပြုလုပ်ထားတာပါ။ Magisk Manager.apk ကိုဘယ်မှာရယူနိုင်မလဲဆိုရင် Official Wepsite ဖြစ်တဲ့ https://magiskmanager.com/ မှာ download လုပ်ပြီးယူနိုင်ပါတယ်။ Boot.img ကို rooted kernal ဖြစ်မဲ့ patched_boot.img အဖြစ် ပြောင်းလဲရန် Computer မလိုအ...