Huawei Update.appကိုခွဲထုတ်နည်းအပြည့်အစုံနှင့် U9200, U9500 အစရှိတဲ့ဖုန်းတွေကို firmware တင်နည်း

U9200 Ascend P1 တွေ U9500 တွေက firmware ကို Build no ကိုက်ပဲ အတက်အဆင်း လုပ်မရတာများပါတယ်။

ကဲဒီတော့ ကျွန်တော်တို့ အဲ့ကောင်တွေကို အတက်အဆင်းလုပ်ကြည့်ရအောင်ဗျာနော် :)
အဆင့်တွေတော့များတယ်ဗျာ နည်းနည်းလေး သေသေချာချာလိုက်လုပ်လိုက်ရင် တင်လို့ရပါပီ။
ပထမဆုံးလိုအပ်တာကတော့ build prop လေးပါ အဲ့ကောင်လေးအရင်ခွဲပြမယ်နော်။
ပထမဆုံးလိုအပ်တဲ့ software လေး Active Perl လေးကိုဒေါင်း လိုက်ပါ မိမိ computer version အလိုက်
ပီးရင် အဲ့ကောင်လေးကို computer မှာ run ထားလိုက်ပါ။
 
နောက်ထပ်ဒီ zip folder လေးကိုထပ်ဒေါင်းပေးပါ။
ရလာတဲ့ folder လေးကို zip ဖြည်လိုက်ပါ။ အထဲမှာ ဖိုင်လေး သုံးခုပါပါတယ်
split update.pl ရယ် Huawei Finder ရယ် EXT4 unpacker ရယ်ဆိုပီး ပါပါတယ်။
ကဲစပီ firmware စတင်ကြမယ် ။
မိမိတင်ချင်တဲ့ firmware ထဲမှာပါတဲ့ update.app လေးကို အပေါ်က zip ဖြည်ထားတဲ့ folder လေးထဲမှာ သွားထည့်လိုက်ပါ။


ပီးရင် split updata.pl လေး ကို double click နဲ့ run လိုက်ပါ
split update.pl လေး run လို့ ပီးရင် cmd box ပျောက်သွားမှာပါ။ folder တစ်ခုအနေနဲ့ output folder လေးတိုးလာတာလည်းမြင်တွေ့ရမှာပါ။


အဲ့ကောင်ပီးရင် အဲ့ထဲမှာပါတဲ့ Huawei Finder လေးကိုထပ် run လိုက်ပါဦး။


ခုနက output folder မှာ ဖိုင်တွေက .bin တွေမရှိတော့ပဲနဲ့ img တွေချည်းပဲကျန်ခဲ့တာ မြင်တွေ့ရပါလိမ့်မယ်။


ပီးရင် EXT4 unpacker ကို run လိုက်ပါ။


ဖိုဒါပုံလေးကိုနှိပ်ပါ။ ပီးရင် system.img ကိုရွေးပေးပါ ခုနက output folder ကနေ


ရွေးလိုက်ရင် အောက်ကပုံအတိုင်းမြင်တွေ့ရပါမယ်။
ပုံမှာပြထားတဲ့အတိုင်းအားလုံးကို select မှတ်ပီး Extract လုပ်လိုက်ပါ။ပီးရင် သူက extract လုပ်မဲ့ လမ်းကြောင်းရွှေးခိုင်းပါလိမ့်မယ်။ ရွေးပေးလိုက်ပါ။


ကဲ ဒါဆိုရင်တော့ update.app ကနေ build prop ခွဲထုတ်ချင်းပီးပါပီ ။
ပီးရင် build prop ကို AIO Flasher သုံးပီး Flash ပါမယ်
လိုအပ်တဲ့ AIO Flasher လေးကို ဒီလင့်မှာဒေါင်းလိုက်ပါ ။
Build prop editor ထဲဝင်လိုက်ပါ။
အပေါ်ပုံမှာ import တွေ့မှာပါ ( ပုံက တွေ့တာတင်ထားလို့ပါ) သူဘေးနားက from device နေရာမှာ
from local ကိုရွေးပေးပါ လမ်းကြောင်းရွေးခိုင်းပါလိမ့်မယ် ။ ခုနက update.app ကနေခွဲထုတ်တုန်းက ရလာတဲ့ build prop ကို ညွှန်းပေးလိုက်ပါ။
ပီးရင် open in editor တက်ချက်နှိပ်ပါ။ Save Changes တစ်ချက်နှိပ်ပါ။ ပီးရင်ဖုန်းကို ADB mode ,
ကြိုက်နှစ်သက်ရာ normal mode , fastboot mode , cwm mode အဓိကက ADB သိနေဖို့ပါ
သီပီဆိုရင် flash to Device ကိုနှိပ်လိုက်ပါ ။ flashing flashed Successfully! Reboot to see changes ဆိုတာမြင်ရပါလိမ့်မယ်။ အဲ့လိုမြင်ရပီဆိုရင် Reboot Devices ကို တစ်ချက်နှိပ်ပေးပါ။ ဖုန်းက reboot ကျသွားပါလိမ့်မယ် flashing လုပ်တဲ့ကြာချိန်က second ပိုင်လောက်ပါပဲ ။တစ်ချို့ flashing နဲ့ရပ်နေတတ်ပါတယ်။ အဲ့တာဆိုရင်တော့ driver တွေ ပြန်စစ် ကြိုးတွေ slot တွေပြန်စစ်ပါ။
ကဲအဆုံးသတ်ရအောင် အားလုံးပီးရင်တော့ မိမိ ဆင်းချင် တတ်ချင်တဲ့ firmware ကို အလွယ် တစ်ကူ ဆင်း အလွယ် တစ်ကူ တတ်လို့ရပါပီ ခင်ဗျာ
(အယ်မေ့လို့ recovery တွေကတော့ stock ဖြစ်နေမှရမယ်နော်) အပေါ်မှာ ခွဲထုတ်ကတည်းက recovery.img ဆိုတဲ့ stock img ကြီးပါပီးသားပဲ fastboot ကနေ flash လိုက်ပေါ့ ဟုတ်ဘူးလား 
Post By Naing Linn Aung

Comments

Popular posts from this blog

Window Zawgyi to Unicode Change script

How to work emmcdl.exe

How To Make Create TWRP MT6592 MT6582 MT6572 MT6589 MT6595