Block 0 Backup

1 . Memory Card ထည့်ပြီး ထုတ်တာရယ် ၊
2 . Memory Card မပါပဲ PC ပေါ်တိုက်ရိုက်ထုတ်တာရယ် ၊
(9008 က​နေတစ်​ဆင့်​ 9006 mode ​ပြောင်းပြီးထုတ်​ရင်​ လုံးဝမ​အောင်​ပါ )
နှစ်ခုလုံးမှာ အားနည်းချက် အားသာချက်တွေရှိပါတယ် ။
1 . Memory Card နဲ့ထုတ်ရင် အားသာချက်က ထုတ်ထားတဲ့ဖိုင်က အောင် ပါတယ် ။ အားနည်းချက်က Memory Card ရဲ့ File System က FAT32 ကိုသုံးထားတာပါ ။ FAT32 file system မှာ file တစ်ဖိုင်ဟာ 4GB ထပ်ကျော်ပြီး သိမ်းလို့မရပါဘူး ။ ကိုယ့်ဖုန်းရဲ့ emmc က 16GB ဖြစ်နေလို့ 32GB Memory Card ထည့်ပြီး Block0 Backup ထုတ်ဖို့မစဉ်းစားပါနဲ့ ရမှာမဟုတ်ပါ ။
Memory Card နဲ့ Backup ထုတ်ရင် emmc 4GB တွေပဲ ထုတ်လို့ရပါမယ် ။
2 . Memory Card မပါပဲ PC ပေါ်တိုက်ရိုက်Backup ရင် အားသာချက်က emmc ရဲ့ file size ဘယ်လောက်ဖြစ်ဖြစ် ထုတ်လို့ရပါတယ် ။ အားနည်းချက်က emmc file အောင်ချင်မှအောင်ပါလိမ့်မယ် ။ command က -
adb shell su -c "dd if=/dev/block/mmcblk0" > mmcblk0.img
emmc ဖိုင်အောင်မအောင် ပြန်မရေးခင်ကြိုသိနိုင်တဲ့နည်းရှိမလား .........
ရှိပါတယ် ။ emmc raw tool ကိုဖွင့် block0 ဖိုင်ကိုရွေးပြီး load partition structure ကို နှိပ်ပြီး စစ် ကြည့်လို့ရပါတယ် ။ USERDATA or GROW လောက်အထိပါရင် အဲ့ဖိုင် အောင်ပါတယ် ။ file မအောင်တဲ့ emmc ဖိုင်ပြန်ရေးမိရင်တော့ 9008 or 9006 ထဲမှာပဲ လည်နေပါလိမ့်မယ် ။
အဲ့တာဆို emmc 4GB ထပ်ကျော်ရင် အထဲက block0 ဘယ်လိုထုတ်ရမလဲ ။ ic ခွာပြီးထုတ်ရမှာလား !_! ။ Software သမားတော်တော်များများက ic ထားအုံး ကျောက်လှည့်ကိုင်ရမှာကို အတော် လန့်တတ်ကြတာ :P ။ နောက်ဖုံးကို ဖွင့်စရာမလိုပါဘူး ။
ကိုယ်တိုင်ရေးထားတဲ့ Tool လား ။ မဟုတ်ပါဘူး :D / အလကားရတယ် ။ ပြီးတော့ အားလုံး နာမည်ကြားဖူးပြီးသား ဒါပေမယ့် ဘယ်သူမှထင်မထားတဲ့ software :D /
Software နာမည်​က DFS Tool ပါ . အကုန်​လုံးသိထားတာက dfs က meid imei ပြန်​​ရေးတဲ့ Tool လို့ပဲသိထားကြတာ .
Dfs ကိုဖွင့်​ပါ .
ဖုန်းကို Root လုပ်​ထားပြီး usb debug on ထားပါ .pc နဲ့ချိတ်​ထားပါ .
Debugging Authorize လုပ်​​ပေးပါ . SuperUser Access လုပ်​​ပေးပါ .
Android ​ခေါင်းစဉ်​​အောက်​က ပုံထဲကလို cursor ​အောက်​ tool ဆိုတဲ့ ခလုပ်​ကိုနှိပ်​ပါ .
Android Tool ပွင့်​လာရင်​ BackUp nandroid ကိုနှိပ်​ပါ .
အဆင့်​ဆင့်​ကို ပုံတွင်​ကြည့်​ပါ .
ပုံထဲမှာက 32GB emmc ဖိုင်ကို read ထားတဲ့ပုံရယ် ၊ emmc raw tool နဲ့ပြန်စစ်ပြထားတဲ့ပုံရယ် ။



Comments

Popular posts from this blog

Window Zawgyi to Unicode Change script

How to work emmcdl.exe

How To Make Create TWRP MT6592 MT6582 MT6572 MT6589 MT6595