Bootloader Lock,Unlock Emmcdl Guide

ကိုယ့်ဖုန်းကိုယ် လုပ်ချင်တာတွေလုပ်လို့ရအောင် ကလိနေတဲ့ညီငယ်လေးတွေ.. software service နယ်ပယ်ကို လှမ်းဝင်နေတဲ့ ညီငယ်လေးတွေလေ့လာနိုင်စေဖို့..
.
Boot loader က lock ဖြစ်နေတယ်.. root ကမရှိဘူး.. နည်းက BLU ပြီးမှ .. root ပြီးရင်ရပြီဆိုတဲ့ဟာတွေဖြစ်နေလို့လဲ စိတ်ညစ်စရာမရှိလှပါဘူး..
.
Boot Loader Lock ဆိုတာဖြစ်လာကတည်းက EDL mode (9008 mode) ဆိုတာနဲ့လည်း ရင်းနှီးလာကြတာပါ.. ခုနလို BLU, root မဟုတ်.. မရှိလဲ EDL ကနေ ဖြေရှင်းလို့ရတာတွေ အများကြီးပါ။
.
နမူနာလေးတစ်ခုဗျာ.. Detail 1,2,3,4 တော့မဟုတ်ဘူး..   Redmi Note 3 Pro တွေဗျာ.. Firmware up/down (အဓိကက android ver 5.1.1 နဲ့ 6) လုပ်ရင် Baseband, iemi တွေပျောက်.. Baseband တော့ရှိ.. imei ပျောက်.. baseband,imei တွေတော့ရှိတယ်.. No service, Emergency, No Sim ဆိုတာတွေက အချိန်တိုင်းဖြစ်နေ.. တလှည့်စီဖြစ်နေ.. Radio on/off အလှည့်ကျစီဖြစ်နေ.. အဲလိုတွေဖြစ်တယ်ဆိုရင်ပေါ့.. ဖြစ်တတ်တာက android 6 ရောက်ပြီးမှ android 5.1.1 ဖြစ်တဲ့ miui ver ကိုပြန်ဆင်းမှပါ..
.
ဖုန်းလိုင်းနဲ့ပတ်သက်တာတွေရှင်းတယ်ဗျာ.. Qualcomm တွေမှာ EFS partition corrupt ဖြစ်တာ.. သည်ကိုဖြေရှင်းရင် တော်တော် OK ပြီ...
.
သည်တော့ ဖုန်းထဲရှိတဲ့ EFS အတွက် block or partition သုံးခုဖြစ်တဲ့ fsg, modemst1, modemst2 သုံးခုကိုဖျက်.. အသစ်ပြန်ထည့်ရင်ကိုပဲ အေးဆေးတည်ငြိမ်လှတဲ့ ဖုန်းလိုင်းကို အဆင်ပြေပြေပြန်ရပါပြီ..
.
BLU ပြီးလို့ root ပြီးရင် အဲသည် block သုံးခုကို ကောင်းတဲ့ဖုန်းတစ်လုံးကနေ ADB Shell နဲ့ထုတ်.. BLU ပိးသား.. root ပြီးသား.. အဆင်မပြေတဲ့ဖုန်းမှာ ADB Shell or fastboot mode ကနေ ပြန်ထည့်... အဲလိုပေါ့.. ရပြီပေါ့..
.
သို့သော် Boot loader lock နေလို့ အထက်ကလို လုပ်နိုင်ဖို့လွယ်ဘူးလေ..BLU ပြီးရင် fastboot ဆိုတဲ့ program လေးနဲ့ command တွေ အမျိုးမျိုးပေးပြီး ဖုန်းကိုကိုယ်လုပ်ချင်တာ စေခိုင်းနိုင်ပါတယ်.. BLU မလုပ်ရသေးရင် emmcdl ဆိုတဲ့ program လေးနဲ့ လိုသလို စေခိုင်းနိုင်တာပါပဲ..
.
ကဲ..ခုနပြောတဲ့ block သုံးခုဖျက်.. ပြန်ထည့်.. ဘယ်လိုလုပ်မလဲ.. ဖုန်းကို EDL mode နဲ့ကွန်ပျူတာချိတ်ထားပြီး..
.
emmdcl -p COM3 -f prog_emmc_firehose_8976_ddr.mbn -e fsg
.
အဲဒါက fsg block ကိုဖျက်တာ.. emmcdl က program file.. -p က emmcdl command ဆက်စပ်အလုပ်လုပ်မည့် COM port ဆိုတာကိုညွှန်ပေးတဲ့ switch.. COM3 က ကွန်ပျူတာမှာ EDL mode ၀င်လို့ဖုန်းချိတ်ထားချိန် အလုပ်လုပ်နေတဲ့ COM No. -f က Qualcomm emmc နဲ့ ဆက်စပ်အလုပ်လုပ်မယ့် driver file ကို ညွှန်တာလို့ပြောတဲ့ switch.. prog_emmc_firehose_8976_ddr.mbn ဆိုတာက EMMC ကိုမောင်းမယ့် driver file.. အဲဒါက သက်ဆိုင်ရာဖုန်းရဲ့ firmware folder အောက်က images folder ထဲမှာ အမြဲပါလာတတ်တာချည်းတာပဲ.. model ပေါ်မူတည်ပြီး နာမည်နဲ့ size ပဲကွာပါတယ်.. firehose ဆိုတြ့ စာသားပါနေတဲ့ file ပါ.... သီးသန့်ရှာထားဖို့ဆိုတာ မလိုပါ.. -e ဆိုတာကတော့ erase operation ကို လုပ်မယ်ပြောတာ.. fsg ကတော့ ကိုယ်ဖျက်ချင်တဲ့ block name.. သည်ဟာကတော့ ခုနက emmcdl cmd ရဲ့ defination ပဲဗျာ..
.
သည်တော့ modemst1, modemst2 ဖျက်မယ်ဆို ခုနအတိုင်းပါပဲ.. နောက်ဆုံးမှာ fsg အစား modemst1, 2 တွေပေါ့..
.
ပြီးရင်ဖုန်းကို boot ပြန်တက်.. တက်လာချိန်မှာ EFS partition ကို ပြန်တည်ဆောက်ပါပြီ..
.
ကဲ..ပြန်ထည့်မယ်.. အဲသည် block သုံးခုက ဘယ်မှာလဲ.. firmware file ထဲမှာ မပါပါဘူး.. သည်နေရာမှာတော့ model တူ ဖုန်းတစ်လုံးလိုပါပြီ.. BLU လုပ်ရသေးဘူးဗျ.... root ရှိဘူးဗျ.. မညည်းပါနဲ့.. မလိုပါဘူး.. EDL ကပဲ raw file ထုတ်မယ်ပေါ့..
.
emmcdl -p COM3 -f prog_emmc_firehose_8976_ddr.mbn -d fsg -o fsg.img
.
ကျန်တာပြောတော့ဘူး.. အသစ်ဖြစ်တဲ့ -d က block ကို dumb ထုတ်ပေးပြောတာ..ထုတ်ချင်တာက fsg block.. -o က output ရလာတဲ့ဟာကို fsg.img ဆိုတဲ့နာမည်နဲ့ emmdl program file ရှိနေတဲ့ PC က current folder ထဲမှာရောက်မယ်ပေါ့.. အဲလိုနည်းနဲ့ fsg နေရာ modemst1, modemst2 နာမည်လေးတွေ ပြောင်းထုတ်.. block သုံးခု pc ထဲရလာပြီပေါ့...
.
ကဲ..ပြန်ထည့်မယ်..
.
emmcdl -p COM3 -f prog_emmc_firehose_8976_ddr.mbn -b fsg fsg.img
.
Definition ကတော့ မသိတာဆိုလို့ -b ပဲ.. block ပြန်ေ၇းပေးလို့ပြောတာပေါ့.. နောက်ဆုံးက file နာမည်ကတော့ ကိုယ်သွင်းချင်တဲ့ဟာပေါ့.. သည်တိုင်းပဲ ကျန် modemst1, 2 ပြီးရင် boot တက်ပေးလိုက်..
.
အခက်အခဲဖြစ်နေတဲ့ ဖုန်းလိုင်းကိစ္စတွေ အကုန်တည်တည်ငြိမ်ြိငိမ်နဲ့ အေးဆေး ပြန်ဖြစ်ပါပြီ.. တော်၂ဆိုးလွန်းမှသာ ဒါတွေပြီးရင် QCN backup ပြန်ထည့်တာလုပ်ရတာပါ..
.
BLU ပြီး ADB Shell , root တွေနဲ့ block ထုတ်ရတာကမှ partition no တွေ ဖုန်းတစ်လုံးနဲ့တစ်လုံးမတူလို့ မှတ်နေရအုံးမယ်.. EDL ကနေဆို Qualcomm EFS အတွက် general ဖြစ်တဲ့ fsg, modemst1, modemst2 ဆိုတာသိနေရင်ပဲ ထုတ်ဖို့ .. ရေးဖို့.. ပြေလည်ပါပြိ.. EDL က ပိုတောင် မလွယ်လားဗျာ....  
.
ကိုယ့်ဖုန်းအတွက် block နာမည်တွေသိဖို့ဆိုတာ fastboot rom ဖြည်ရင်တွေ့ရတဲ့ flash_all.bat ရယ်.. images folder အောက်က rawprogram0.xml ရယ်ကို text editor တစ်ခုခုနဲ့ဖွင့်ပြီးဖတ်နေရင် နာမည်တွေသိနေပါပြိ.. images folder အောက်က img, bin, cfg စတဲ့ဖိုင်လေးတွေနဲ့တွဲဆက်မှတ်ရင် block name နဲ့ firmware မှာပါတဲ့ဖိုင် မှတ်လို့လွယ်ပါတယ်..
.
ကိုယ်ပြန်သွင်းပေးရမှာ raw format နဲ့ဆိုအဆင်ပြေလား.. sparse format ပြောင်းရမှာလား ဆိုတာကို rawprogram0.xml ထဲမှာ သက်ဆိုင်ရာ block ဟာ ဘာ format အနေနဲ့သူရေးမယ်ဆိုတာပါပါတယ်.. လိုသလိုလဲပြောင်းလို့ရပါတယ်.. img format ကို လိုသလိုပြောင်းလို့လဲ လွယ်ပါတယ်.. Google ပေါ့ဗျာ..    Block file တစ်ခုချင်းစီ Max size ဟာ ဘယ်လောက်ထိကြိးမရဆိုတဲ့ definition တွေအကုန် အဲသည် xml မှာပါပါတယ်. လိုသလို img file တွေတည်ဆောက်ပေးလို့ရပါတယ်..
.
သည်တော့ command တွေနဲ့ ကိုယ်တိုင်လုပ်တတ်အောင်လုပ်ကြည့်ကြပါ.. Double click ဆိုတဲ့ ဟာတွေကို အားမကိုးပါနဲ့.. ကိုယ်တိုင်လုပ်မှ ကိုယ်ဘာလုပ်လိုက်တယ်.. ဘာလုပ်ရင် ဘာဖြစ်သွားပြီ. ဘယ်အဆင့်ရောက်သွားပြီဆိုတာတွေ သိသိလာမှာပါ.. အဲသည်အခါ သည်ဖုန်းကို သည်လိုဆို ဟိုဖုန်းဆို ဟိုလိုလုပ်ရုံပေါ့ဆိုတဲ့ solution က easy ဖြစ်လာမှာပါ.
.
ကျနော်တင်ပေးတဲ့ post တွေမှာပေးတဲ့်file တွေမှာ ဘာလုပ်ချင် ဘယ် file double click လို့ပါတာလေးတွေကို text editor တွေနဲ့ ဖွင့်ဖတ်ပါ.. ဘာ command သုံးတယ်.. ဘာလုပ်ချင်လို့ ဘယ် switch ထည့်တယ်.. ဘယ် ဖိုင်ကိုသုံးတယ်.. စတာတွေ အကုန်မြင်ရပါတယ်.. အင်တာနက်က အလကားရတဲ့ bat to exe convertor တွေသုံးပြီး code ဖျောက်တဲ့ exe file ပဲ ထုတ်ပေးလိုက်တဲ့ အလုပ်ကို လုပ်မထားပါဘူးဗျာ..    
.
အပေါ်မှာရှင်းသွားနည်းကတော့ baseband, imei ကိစ္စတွေကို EDL ကနေပဲ လွယ်ကူစွာလုပ်သွားနည်းလေးပါ.. လက်တွေ့မှာတော့ တစ်ခုပြီးတစ်ခု flash ဖို့ trick လေး အနည်းငယ်တော့လိုပါတယ်..ဆက်လေ့လာပါ.. အခုဟာက tutorial မဟုတ်ပဲ idea ပေးတာမို့ပါ..    
.
ဘယ် mode ၀င်.. ကွန်ပျူတာမှာထိုး.. ဘာကိုနှိပ်..ပြီးပြီဆိုတာထက်.. ဘာလုပ်ချင်ရင် ဘယ်လိုအဆင့်တွေလုပ်မယ်.. အဆင့် ၁ ပြီးရင်ဘာဖြစ်ပြီ.. အဆင့် ၂ ပြီးဘာဖြစ်ပြီ.. ဘယ်အဆင့်ပြီး. OK ပြီဆိုတာသိနေအောင် လေ့လာပါ.. မှတ်သားပါ.. သည်တော့ Bootloader unlock မလုပ်ရသေးလို့.. twrp မရှိလို့.. root မရသေးလို့ဆိုပြီး နည်းပျောက်နေတာမရှိပါဘူး.. လေ့လာပြီး လိုသလိုလုပ်လို့ရပါတယ်..  နည်းပညာတွေကို xiaomi forum မှာလေ့လာပေါ့ဗျာ.. အခုဆို xiaomi က edl ကို software mode ကနေ၀င်တာကိုပိတ်ပစ်ပါပြီ.. အဓိက Mi 5 တျွေမှာ.. သည်တော့ hardware နည်း. jig နဲ့ပဲပေါ့.. သည် jig မှာတောင် RMN4 Qualcomm မှာ ဘယ်လို Jig ဆိုတာ ဖုန်းမှာပါတဲ့ cable ကို ခွဲပြီး Jig လုပ်သုံးတဲ့ ဆရာတွေ သတိထားမိမှာပါ..   ကိုယ်တိုင် invent မလုပ်နိုင်တောင် လေ့လာလို့ရပါတယ်.. Xiaomi က worldwide fan, guru တွေများလို့ နည်းတွေက အမြဲအသင့်ပါ.. Xiaomi က သူ့ကိုယ်ပိုင် processor ဖြစ်တဲ့ Pinecone နဲ့ဖုန်းတွေထုတ်လာလဲ နည်းတွေ မြောက်များစွာ ပေါ်လာအုံးမှာပါ..   
.
ဘာပဲပြောပြော warning စကားလေးဖြစ်တဲ့ DO IT AT YOUR OWN RISK နဲ့ပဲ နိဂုံးချုပ်ပါတယ်..   သို့သော်လဲ အမေမွေးကတည်းက ဘယ်သူမှ သည် OWN RISK ကြိးကို မလုပ်တတ်ပါဘူး..  စာဖတ်.. စဉ်းစား.. တုန်တုန်ချိချိ လုပ်ရင်း ကျွမ်းကျင်လာရတာပါပဲ..  
.
MIUI Fans များ စိတ်ရွှင်လန်းချမ်းမြေ့ပါစေ...  
Credit - Ko Thet Zaw Ko

Comments

Post a Comment

Popular posts from this blog

Window Zawgyi to Unicode Change script

How to work emmcdl.exe

How To Make Create TWRP MT6592 MT6582 MT6572 MT6589 MT6595