Windows တင္လုိ ့မရျဖစ္ေနပါသလား👨‍💻


Partition တွေကို Windows တင်လို ့မရဖြစ်နေသူတွေအတွက်

Hard Disk Partition နဲ ့ BIOS, Firmware အကြောင်း သိကောင်းစရာ

အနည်းအကျဉ်းကိုဖော်ပြပေးလိုုက်ပါတယ်။ Windows တင်တဲ့အချိန်

Partition ရွေးပေးတဲ့အခါမှာ ကိုယ်ရွေးလိုက်တဲ့ Partition က

Windows တင်လို ့မရ၊ ဘာမှလုပ်လို ့မရပဲ၊ Next ကလည်း

မိန်နေတာ ကြုံဖူးပါသလား။ Hard Disk တစ်လုံးတည်းပေါ်မှာ

Windows,Server,Linux OS တွေကို Partition တစ်ခုချင်းစီမှာ

တင်လို ့မရဖြစ်နေပါသလား။ Windows OS ရှိနေတဲ့ HDD မှာ

Linux OS ထပ်တင်လိုက်လို ့Windows ကိုပြန်ဖွင့်တဲ့အချိန်

Security Boot Fail ဖြစ်တာကြုံဖူးပါသလား။ ကွန်ပျုတာ System

အကြောင်းတွေကို လေ့လာရတာ ဝါသနာပါလား။ အဲ့ဒါဆိုရင်တော့

Hard Disk Partition နဲ ့BIOS,Firmware အကြောင်းကို သိထားသင့်ပါတယ်။

ဘယ်သူတွေ ပိုသိထား၊လေ့လာသင့်သလဲ။ ကွန်ပျူတာစလေ့လာနေသူတွေ၊

A+ သင်တန်းတက်နေသူတွေ၊ ကွန်ပျူတာ Service Technician အဖြစ်

လုပ်ကိုင်နေသူတွေ၊ ကိုယ်တိုင် Windows တင်မယ့်သူတွေ၊ ဗဟုသုတအဖြစ်

သိထားချင်သူတွေ လေ့လာသင့်ပါတယ်။ (ဖတ်ချင်လာအောင် အရင်မြုဆွယ်တာ။)

Hard Disk ကို အခြေခံအားဖြင့် ခွဲခြားလေ့လာကြည့်မယ်ဆိုရင်

MBR နဲ ့GPT ဆိုပြီးနှစ်မျိုးနှစ်စားရှိပါတယ်။ MBR (Master Boot

Record) ဆိုတာက အများဆုံး 2 TB ပဲ လက်ခံနိုင်သော Partition

Table Format ဖြစ်ပါတယ်။ MBR မှာ 2TB ထက်ကျော်သော

Hard Disk ကို သုံးနေရင် စက်မှာ အများဆုံး 2TB ပဲ ပေါ်နေမှာ

ဖြစ်ပါတယ်။ MBR Disk မှာ Partition ကို Primary Partition အဖြစ်

အပိုင်း 4 ပိုင်း အထိပဲ ခွဲနိုင်ပါတယ်။ လေးပိုင်းထက် ပိုသော Partition များကို

လေးပိုင်းမြောက် Partition ကနေ Extended Partition သို ့မဟုတ်

Basic Disk ကနေ Dynamic Disk အဖြစ် ပြောင်းလဲသွားပါတယ်။

Dynamic Disk ဖြစ်သွားရင် Basic Disk ကို အလွယ်တကူ ပြန်ပြောင်းလို ့

မရနိုင်ပါဘူး။ Data တွေ အကုန် Backup လုပ်ပြီး Volume ကို Delete လုပ်၊

Diskpart ထဲ ဝင်ပြီး Dynamic Disk ကို Basic Disk Convert လုပ်ပေးရပါမယ်။

GPT (GUID <Globally Unique Identifier> Partition Table)

ဆိုတာက 9400000000 TB အထိ အသုံးပြုနိုင်သော Disk Format

အမျိုးစားဖြစ်ပါတယ်။ မိမိအသုံးပြုတဲ့ Hard Disk က 2 TB ထက်နည်းတဲ့

Hard Disk ဆိုရင် MBR ကို ရွေးအသုံးပြုရပါမယ်။ 2 TB ထက်ကျော်သော

Hard Disk နဲ ့Boot တော့ မလုပ်ဘူး၊ Data တွေပဲ ထည့်ယူအသုံးပြုယုံပဲဆိုရင်

GPT ကို ရွေးအသုံးပြုရပါမယ်။ တကယ်လို ့ 2 TB ထက်လည်းများပြီး

OS တစ်ခုမကပဲ တစ်ခြား OS တွေနဲ ့ Boot တက်ချင်တယ်၊ Windows,

Linux OS တွေ တင်ချင်တယ်ဆိုရင်လည်း GPT ကို ပြောင်းပေးရပါမယ်။

GPT ကိုပြောင်းသုံးဖို ့အလွယ်တော့ သုံးလို ့ရမှာ မဟုတ်ပါဘူး။

Operation System ကိ ထောက်ပံပေးထားတဲ့ UEFI

(Unified Extensible Firmware Interface) ဖြစ်ဖို ့လိုပါတယ်။

BIOS ဖြစ်နေတယ်ဆိုရင် GPT Partition တွေမှာ Windows တင်လို ့

မရပါဘူး။ BIOS နဲ ့GPT ပေါ်မှာ Windows တင်ဖို ့Partition

ရွေးတဲ့အချိန် ဒီ Partition မှာ တင်လို ့မရဘူးလို ့Message box

ပေါ်လာမှာပါ။ အဲ့ဒီ GPT ကို Delete လုပ်၊ Format ချလိုက်သော်လည်း

Windows တင်လို ့မရနိုင်ပါ။ သုံးလို ့ရနေတဲ့ OS နဲ ့Disk

Management ကနေလည်း အလွယ်တကူ Delete လုပ်၊

Format ချလို ့လည်း ရနိုင်မည်မဟုတ်ပါ။ Delete, Format

လုပ်နိုင်သော်လည်း OS တင်လို ့မရနိုင်မည်မဟုတ်ပါ။

မယုံရင်တော့ စမ်းကြည့်နိုင်ပါတယ်။

Legacy BIOS System မှာ MBR Partition

Format နဲ ့ပဲ Boot တက်လို ့ရနိုင်ပါတယ်။

နောက်ပြီးတော့ MBR မှာ Boot တက်နိုင်တဲ့ Partition ကို

ကန် ့သတ်ထားပါတယ်။ ဘာဖြစ်လို ့လဲဆိုတော့ Bootloader/

Boot Manager ကို Single Pointer ပဲ ပြလို ့ပါ။

MBR မှာ ဘယ်နှစ် Sector ပဲ ရှိတယ်ဆိုတာတွေတော့

ထည့်မရေးတော့ပါဘူး။ ရေးမယ်ဆိုရင် အရှည်ကြီးပါ။ MBR ကနေ

GPT ကိုပြောင်းချင်တယ်ဆိုရင် MBR မှာ ရှိနေတဲ့ Data တွေကို

ကူးထားပြီး Delete လုပ်၊ Right Click နှိပ်ပြီး Convert To GPT

ပြောင်းနိုင်ပါတယ်။ Cmd ထဲဝင်ပြီး Diskpart ခေါ်၊ ပြောင်းချင်တဲ့

Disk ကိ ရွေးပြီး Clean လုပ်၊ Convert GPT လုပ်ပြီးလည်းပြောင်းနိုင်ပါတယ်။

ဒါပေမယ့် UEFI Firmware ကို မသုံးချင်တော့လို ့ GPT ကနေ MBR

ပြန်ပြောင်းချင်တယ်ဆိုရင် Hard Disk တစ်ခုလုံးကို Format ချပြီးမှ

ပြန်ပြောင်းနိုင်ပါမယ်။ အခုနောက်ပိုင်းထွက မော်ဒယ်မြင့်စက်တွေမှာ

GPT ကို အလွယ်ပြောင်းလို ့မရပါဘူး။ UEFI နဲ ့သုံးနေတဲ့စက်မှာ

တစ်ခြား OS တစ်ခု ထပ်တင်လိုက်လို ့ Security Boot Fail ဖြစ်သွားခဲ့ရင်

UEFI Setting မှာ Secure Boot ကို Disable လုပ်ထားရမယ်။

အကျဉ်းချုပ်ပြောရရင် BIOS နဲ ့MBR Partition လေးပိုင်းထက်မပိုတဲ့

Partition တွေမှာ တစ်ခြား OS တွေ ထပ်တင်လို ့ရမယ်။

လေးပိုင်းထက်ကျော်သွားလို ့ Extended Partition တွေမှာ

တင်လို ့မရဘူး။ UEFI Mode နဲ ့ဆိုရင် Secure Boot ကို

Disable ပေးထားပြီး GPT Partition တွေမှာ တစ်ခြား OS တွေ

ထပ်တင်လို ့ရတယ်။ Legacy BIOS System ဖြစ်နေပြီး

GPT Partition တွေကို Delete,Format ချ၊Windows တင်ဖို ့

မလွယ်ကူပါဘူး။ UEFI Mode နဲ ့GPT Partition တွေသာပြောင်းထားရင်

မိမိစက်မှာ HDD Space များရင်များသလောက် OS ပေါင်းများစွာကို

တင်ထားလို ့ရပါတယ်။ ကျနော်တို ့ စက်မှာ Windows 10 နောက်ဆုံး

Update, Windows Server 2016, Kali OS သုံးခုကို

တစ်ပြိုင်တည်း တင်ထားပါတယ်။ ကွန်ပျူတာတစ်လုံးတည်းမှာ

Virtual Machine နဲ ့ မဟုတ်ပဲ Partition တိုင်းမှာ Windows,Server,

Ubantu,Kali စတဲ့ Linux OS တွေကို မတင်တတ်သေးလို ့

တင်ချင်တယ်ဆိုရင် အချိန်လည်းပေးရ။ နောက်ပြီး ဘယ်ဟာမှ

အလကားမရတဲ့အတွက် အခကြေးငွေယူပြီး သေချာတင်ပေးပါတယ်။

Linux Tutorial Video File တွေလည်း အခြေခံအသုံးပြုနည်းကနေ

အဆင့်မြင့် hacking ပိုင်းထိပါတဲ့ Youtube ကနေ Download ဆွဲထားတဲ့

Video File ပေါင်းများစွာကိုလည်း တစ်ပါးတည်း ထည့်ပေးပါတယ်။

ကိုယ်တိုင်တင်တတ်ရင် တင်နိုင်ပါတယ်။

အောင်သူရဝင်း(NetComplus)






Comments

Popular posts from this blog

Window Zawgyi to Unicode Change script

How to work emmcdl.exe

How To Make Create TWRP MT6592 MT6582 MT6572 MT6589 MT6595