How To Create Modified Kernels For Mi A1 To Root







ဘာမှ မပြောခင် အရင်ဆုံးပြောထားချင်တာက ယခုရေးထားသည့် အကြောင်းအရာများသည် “Beginner များအတွက်သာ ရည်ရွယ်ပါသည်။” ထိုကြောင့် ဆရာသမားများ အချိန်ကုန်ခံပြီးမဖတ်ကြဖို့ ဦးစွာ သတိပေးလိုက်ပါရစေ။

Mi A1 တွေ root ပြုလုုပ်ရန်အတွက် online ပေါ်မှ patched_boot.img များတင်ထားသည်ကို အားလုံးတွေ့ကြမှာပါ။

အဲ့ဒီ patched_boot.img များက ဘယ်ကရပါသလဲ၊ ဘယ်လိုပြုလုပ်ရင်ရနိုင်မလဲ၊ ဘယ်လိုအသုံးချရသလဲ၊ ဒီကောင်တွေကို အသုံးချပြီး Rooting ပြုလုပ်တဲ့အခါ ဘယ်လို Error တွေတက်နိုင်မလဲ၊ တက်လာတဲ့ error တွေကို ဘယ်လိုဖြေရှင်းနိုင်မလဲ၊ စသဖြင့် ပြောပြပေးမှာပါ။

ပထမဦးစွာ patched_boot.img ဘယ်ကရပါသလဲ၊

ဒါကတော့ရိုးရှင်းပါတယ် Stock Firmware File ထဲမှာ boot.img ရှိပါတယ်။

အဲ့ကောင်လေးကို modified ပြန်လုပ်ထားတာပါ။

ဘယ်လိုModified လုပ်ထားသလဲမေးရင် Magisk Manager.apk ကို အသုံးပြုပြီးပြုလုပ်ထားတာပါ။

Magisk Manager.apk ကိုဘယ်မှာရယူနိုင်မလဲဆိုရင် Official Wepsite ဖြစ်တဲ့

https://magiskmanager.com/ မှာ download လုပ်ပြီးယူနိုင်ပါတယ်။

Boot.img ကို rooted kernal ဖြစ်မဲ့ patched_boot.img အဖြစ် ပြောင်းလဲရန် Computer မလိုအပ်ပါဘူး။

ကျွန်တော်တို့ ဖုန်းထဲမှာတင် magisk manager.apk အသုံးပြုပြီးပြောင်းလဲမှာပါ။

ဒီအတွက် magisk manager.apk ကိုဖုန်းထဲ install လုပ်ထားပါ။

Boot.img ကိုလည်းဖုန်းထဲ copy ကူးထားပါ။

Modified ပြုလုပ်နေချိန်အတွင်းမှာ apk ဟာ internet access လိုအပ်ပါတယ်။

magisk manager.apk ကိုဖွင့်လိုက်ပါ။

Install > Patch Kernel image > ထည့်ထားသည့် Boot.img

အထက်ပါ အဆင့်များကို တစ်ဆင့်ချင်းလုပ်ပြီးပါက boot.img ကို auto modified ပြုလုပ်ပေးနေပါလိမ့်မယ်။

အားလုံးပြီးသွားပါက internal storage > Magiskmanager folder ထဲတွင် patched_boot.img နာမည်ဖြင့် ရောက်ရှိနေပါက original boot.img ကို patched_boot.img အဖြစ်ပြောင်းလဲခြင်းပြီးဆုံးပါပြီ။

Patched_boot.img ကို အသုံးပြုပြီး Root access ရယူနည်း

ပထမဦးစွာ patched_boot.img ကို Computer ထဲသို့ copy ကူးပါ။

ဖုန်းကို Fastboot mode ဝင်ထားပြီး Computer မှ တစ်ဆင့် အောက်ပါ fastboot command များအသုံးပြုပြီး patched_boot.img အား flashing ပြုလုပ်ပေးလိုက်ပါ။

fastboot oem unlock

fastboot flash boot_a patched_boot.img

fastboot flash boot_b patched_boot.img

fastboot reboot

ဖုန်း ပါ၀ါပြန်တက်လာချိန်မှာ Root Access ရရှိနေတာတွေ့ရပါ့မယ်။

ဒါပေမဲ့ ကျွန်တော်တွေ့ရသလောက်က ဒီနည်းတွေနဲ့ root ပြုလုပ်လို့ရတဲ့ one click tool တွေထွက်နေတာရှိပါတယ်။ကျွန်တော်ရှင်းပြပေးတဲ့ရည်ရွယ်ချက်ကိုမရှင်းပြတော့ပါဘူးနားလည်မယ်လို့

မျှော်လင့်ပါတယ်။

Root ရရှိပြီးချိန်မှာ system ကို read/write လုပ်လို့ရသွားတဲ့ အတွက် ကိုယ်လိုအပ်တာတွေကိုပြုပြင်နိုင်ပါပြီ။

Root Access ရရှိချိန်မှာ ဖုန်းဟာ Wifi , Bluetooth ဖွင့်မရတော့တာကို တွေ့ရပါမယ်။

Wifi,Bluetooth ပြန်ရချင်တယ်ဆိုရင်တော့ ဖုန်းကို Unroot ပြန်လုပ်ပေးရင်ရနိုင်ပါတယ်။

Unroot ပြုလုပ်ရန်အတွက် လိုအပ်တာကတော့ patched_boot.img ပြုလုပ်ရာမှာ အသုံးပြုထားသည့်

Boot.img လေးတစ်ခုပါပဲ။ထို boot.img ကို computer ထဲ copy ကူးပြီး အောက်ပါ command များအသုံးပြုပြီး ဖုန်းကို unroot ပြုလုပ်နိုင်ပါတယ်။

fastboot flash boot_a boot.img

fastboot flash boot_b boot.img

fastboot reboot

ဖုန်းပါ၀ါပြန်တက်လာချိန်မှာ ဖုန်းဟာ unroot ဖြစ်နေပြီး Wifi , Bluetooth ပြန်ရနေတာတွေ့ရပါမည်။

Mi A1 (7.2.1)

Original boot.img - http://www.mediafire.com/file/a0v8hx43bb64343/boot.img

Modified boot.img - http://www.mediafire.com/f…/62s0tirrg3rxngq/patched_boot.img

Mi A1 (8.0)

Original boot.img - http://www.mediafire.com/file/6adw9zixvate34g/boot.img

Modified boot.img -http://www.mediafire.com/f…/1mck61ii668gpea/patched_boot.img

အားလုံးအဆင်ပြေကြပါစေ။

Myothant Zin

Comments

Popular posts from this blog

Window Zawgyi to Unicode Change script

How to work emmcdl.exe

How To Make Create TWRP MT6592 MT6582 MT6572 MT6589 MT6595