Hidden Wireless Network ကိုတူးဖော်ခြင်း
SSID Hidden ကို SSID Cloaking လို့လည်းခေါ်ဆိုနိုင်သလို Closed Network လို့လည်း ခေါ်ဆိုနိုင်ပါသည်။ SSID ဖွက်ထားတဲ့ security ဟာ Legacy Wireless Security အမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။ သာမန်အားဖြင့် ESSID Hide လုပ်ထားရင် လုံခြုံတယ်လို့ ယူဆလို့ရပေမဲ့ ဒါဟာ end user တွေအတွက်သာပဲလုံခြုံပါလိမ့်မယ်။ Penetration Tester, Security Researcher တွေအတွက်ကတော့ လုံခြုံမှု မရှိတဲ့ Network တစ်ခုပဲဖြစ်ပါတယ်။ Legacy Security အကြောင်းကို ရေးသားထားခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်အသေးစိတ်မရေးသားတော့ပဲ ရှေ့ဆက်ပြီး သွားကြရအောင်လားဗျာ။ ကဲ ကျွန်တော်တို့ စလိုက်ကြရအောင်။ iwconfig ဆိုတဲ့ command စကိုရိုက်ရတဲ့အကြောင်းအရင်းကတော့ ကျွန်တော် စက်ထဲ wireless card ကိုစတင်စစ်ဆေးတာပဲဖြစ်ပါတယ်။ ဟုတ်ပြီ ဒုတိယ command မရှင်းပြခင် အရင် command ရဲ့ output ကိုကြည့်လိုက်ကြရအောင်။ mode မှာ managed ဖြစ်နေပါတယ်။ ဒါဆိုရင်တော့ ကျွန်တော် monitoring လုပ်လို့မရပါဘူး။ ဒါကြောင့် ကျွန်တော် monitor mode ပြောင်းဖို့လိုအပ်ပါတယ်။ ဒီတိုင်း ကျွန်တော် တန်းပြောင်းခွင့်မရှိပါဘူး။ wlan0 ဆိုတဲ့ ကျွန်တော် wireless card interface ကို inactive ဖြစ်အေ...