Microsoft Excel ၏ Data Type နှင့် Data Format များ





Microsoft Excel တွင် Programming Language များကဲ့သို့ တရားဝင်သတ်မှတ်ထားသော Data Type ဟူ၍ မရှိပါ။ သို့သော် Data မှတ်သားမှုအပေါ် အခြေခံ၍ Data Type သုံးမျိုး ခွဲခြားနိုင်ပါတယ်။
(၁) စာသား (Text)
စာသား (Text) နှင့် ပတ်သက်လို့ သိပ်ထူးထူးထွေထွေ ပြောစရာ မရှိလှပါဘူး။
နည်းနည်းထူးခြားမှုအဖြစ် ပြောရရင် ဂဏန်း (Number) တွေကို 0001, 0002 စသဖြင့် 0 (Leading Zero) ဖြင့် စတင်ထည့်သွင်းလိုပါက ၎င်းကို Text Format ပြောင်းပေးဖို့ လိုအပ်ပါတယ်။ ဒါမှမဟုတ် ="0001" ဟူ၍ double quote အတွင်း ထည့်သွင်း၍ formula အဖြစ် ရိုက်ရပါမယ်။
(၂) ဂဏန်း (Number)
ဂဏန်း (Number) မှာတော့ Number, Currency, Accounting, Percentage, Fraction နှင့် Scientific ဆိုပြီး format (၆) မျိုး ခွဲခြားနိုင်ပါတယ်။
Number ဆိုတာကတော့ ဂဏန်းအတွက် default သတ်မှတ်ထားတဲ့ format ပုံစံဖြစ်ပါတယ်။
Currency နဲ့ Accounting ကတော့ ငွေကြေးအဖြစ် currency symbol ထည့်ပေးပြီး ဒသမနောက်က နှစ်နေရာ သတ်မှတ်ဖြတ်တောက်ပေးထားတဲ့ format ပုံစံဖြစ်ပါတယ်။
Percentage ကတော့ 100 နဲ့ မြှောက်ပြီး ရာခိုင်နှုန်းပြုထားသော format ပုံစံဖြစ်ပါတယ်။
Fraction ကတော့ အပိုင်းကိန်းအဖြစ် ဖော်ပြသော format ပုံစံဖြစ်ပါတယ်။
Scientific ကတော့ 10 ၏ ထပ်ကိန်းဖြင့် ဖော်ပြသော format ပုံစံဖြစ်ပါတယ်။
(၃) အချိန်နှင့် နေ့စွဲ (Date and Time)
အချိန်နှင့် နေ့စွဲကို မှတ်သားပုံကိုတော့ နည်းနည်းသိထားဖို့ လိုပါမယ်။ Microsoft Excel အပါအဝင် Spreadsheet Software များတွင် နေ့စွဲကို 1900 ပြည့်နှစ် January လ 1 ရက်နေ့ကို 1 ဟု သတ်မှတ်၍ မှတ်သားပါတယ်။
ဆိုလိုတာက Cell တစ်ခုအတွင်း 1 ဟု ရိုက်ထည့်ပြီး Short Date Format ကို ပြောင်းလိုက်ပါက 1/1/1900 ဟု ပြောင်းလဲသွားမည် ဖြစ်ပါတယ်။ အကယ်၍ 2 ဟု ထည့်သွင်းပြီး Short Date Format ကို ပြောင်းပါက 1/2/1900 ဟု ပြောင်းလဲသွားပါလိမ့်မယ်။ မှတ်သားရန်မှာ Excel တွင် လ၊ ရက်၊ ခုနှစ် ဟုသာ မှတ်သားပါတယ်။ ကျွန်တော်တို့ မြန်မာတွေ မှတ်သားသလို ရက်၊ လ၊ ခုနှစ် မဟုတ်ပါဘူး။
ဒသမနောက်က ဂဏန်းကတော့ အချိန်ကို ကိုယ်စားပြုပါတယ်။ ဒါကြောင့် 1.5 ကို Time Format သို့ ပြောင်းပါက 12:00:00 PM ဟု ပြောင်းသွားပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် 0.5 သည် တစ်နေ့တာ၏ ထက်ဝက် ဖြစ်တဲ့အတွက်ကြောင့်ပါ။
နမူနာအနေနဲ့ 1.5 ကို Standard Format မျိုးစုံ ပြောင်းပြထားပါတယ်။
ဒါတွေက သိပ်ထူးခြားတဲ့အရာတွေတော့ မဟုတ်ပါဘူး။ အများစုလည်း သိပြီးသား ဖြစ်မှာပါ။ Custom Format တွေအကြောင်း ပြောချင်လို့ နည်းနည်း Intro ဝင်တဲ့သဘောပါ။
Credit… Htoon Aung Kyaw

Comments

Popular posts from this blog

Window Zawgyi to Unicode Change script

How to work emmcdl.exe

How To Make Create TWRP MT6592 MT6582 MT6572 MT6589 MT6595