Aurora 3D Animation Maker 11.0 Portable


 photo lwinmin_zpsc61a7bc5.gif

 10 Aug 13, 07:38 PM
joethiha:
Aurora 3D Maker Software Full Version လိုချင်လို့ပါ ။ကျေးဇူးတင်ပါတယ်ခင်ဗျာ
အရင်တုန်းကလည်း ဒီလို Aurora 3D Animation Maker လေးတွေကို တင်ပေးဖူးပါတယ်..။ အခုဒီ ဗါးရှင်းကတော့ Portable ဗါးရှင်းလေးပါ..။ ကျနော် မကြာမကြာသုံးလေ့ရှိတဲ့ ကောင်လေးပါ..။ အခုတောင်းတဲ့အကိုက Full ဖြစ်တာ.. ဆိုလို့ ဒီ Portable လေးကို သတိရပြီး တင်ပေးလိုက်ပါတယ်..။ Portable လေးဖြစ်တဲ့အတွက် ၂-ချက်တောက်ပြီး တန်းသုံးယုံပါပဲ..။ ဖူးဖြစ်ပြီးသားပါ..။ အပေါ်ကလိုမျိုး Gif ဖေါ်မတ်တွေကို ထုတ်ပေးနိုင်ပါတယ်..။ Effect တွေများလွန်းသွားရင်တော့ ပုံထုတ်တဲ့အခါမှာ ဖိုင်ဆိုဒ်ကြီးသွားတဲ့အတွက် Error ပေါ်တတ်ပါတယ်..။ အဲ့လိုဖြစ်ခဲ့ရင် ပိတ်ပြီးမှ ပြန်ဖွင့်သုံးပါ..။ အဆင်ပြေပါလိမ့်မယ်..။ အသုံးပြုပုံတွေကတော့ အရင်ပိုစ့်တွေမှာ လုပ်ပြပေးခဲ့တဲ့ အတိုင်းပါပဲ..။ အခုဒီ Portable လေးကိုလည်း အောက်မှာ ပုံလေးတွေနဲ့ ပြန်လည် လုပ်ပြပေးလိုက်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ဗျာ..။ ဖိုင်ဆိုဒ်ကတော့ 31 MB ရှိပါတယ်..။

Aurora 3D Animation Maker 11.0 Portable




အပေါ်ပုံက အပြာရောင်မျှားနေရာမှာ ကလစ်ပြီး play ကြည့်လို့ရပါတယ်..။ အောက်ကပုံကတော့ Effect တွေထည့်ဖို့ နေရာလေးတွေကို ပြပေးလိုက်တာပါ..။


စိတ်ကြိုက်ဖြစ်လို့ သိမ်းရင်တော့ အောက်ကပုံအတိုင်း သိမ်းလိုက်လို့ ရပါပြီ..။


သိမ်းလို့ပြီးသွားရင်တော့ ၂-ချက်တောက်ဖွင့်လိုက်ရင် အောက်ကပုံအတိုင်း မြင်ရပါပြီ..။ ကျနော်တောင်မှ ကြည့်ရင်းနဲ့ ခေါင်းမူးလာပြီ..။ လုပ်ပြထားတဲ့ပုံက မြန်သွားလို့ပါ..။ Speed ကို မိမိစိတ်ကြိုက် လိုသလို ချိန်ယူလို့ ရပါတယ်..။ အသေးစိတ်စမ်းသပ်ရင်း ၊ သုံးကြရင်း အဆင်ပြေကြပါစေဗျာ..။
 photo lwinmin_zpsc61a7bc5.gif

Comments

Popular posts from this blog

Window Zawgyi to Unicode Change script

How to work emmcdl.exe

How To Make Create TWRP MT6592 MT6582 MT6572 MT6589 MT6595