Windows XP မှာ Shut Down ကိုမြန်စေဖို့
ဒီနည်းလေးက
Windows7 မှာ လုပ်တာနဲ့ တူပါတယ်..။ နည်းနည်းတော့ လွဲတယ်..။ Windows XP
အသုံးပြုသူများအတွက် Shutdown ချတာ မြန်စေမယ့်.. အဆင်ပြေစေမယ့်
နည်းလေးပါပဲ..။ ဟိုးအရင်တုန်းက Windows XP အသုံးပြုခဲ့တဲ့ အချိန်တုန်းက
သုံးခဲ့တဲ့ နည်းလေးကို ပြန်လည် မျှဝေလိုက်ပါတယ်..။ နောက်ပိုင်းတော့ ဒီလို
လုပ်နည်းကိုင်နည်းလေးတွေကို ဆော့ဖ်ဝဲလ်တွေနဲ့ တလှည့်စီ တင်ပေးသွားဖို့
ရှိပါတယ်..။ လိုအပ်တာတွေကိုလည်း တောင်းနိုင်ပါတယ်..။ ကျနော်သိတာ၊
လုပ်တတ်တာဆိုရင် ပြန်လည် မျှဝေသွားပါမယ်..။ မသိသေးတာ၊ မလုပ်တတ်သေးတာတွေလည်း
ရှိနေသေးတော့ မေးထားတဲ့ မေးခွန်းတွေကို ပြန်အဖြေမပေးနိုင်တာ
နားလည်ပေးကြပါဗျာ..။ အခုတော့ ဒီ Windows XP မှာ Shutdown မြန်စေမယ့်
နည်းလေးကို စလိုက်ကြရအောင်..။ အရင်ဆုံး ကီးဘုတ်မှ Windows Logo + R နဲ့
Run ဘောက်စ်ကိုဖွင့်ပါ..။ အဲ့ထဲမှာ regedit လို့ ရိုက်ထည့်ပါ..။
အောက်ကပုံအတိုင်း HKEY_CURRENT_USER >> Control Panel >> Desktop ထိသွားပါ..
ပြီးရင် ညာဘက်မှာ ပေါ်လာတဲ့
စာတန်းလေးတွေထဲက HungAppTimeout စာသားကိုရှာပြီး ၂ချက်တောက်ပါ..
ပေါ်လာတဲ့ဘောစ်လေးထဲက Value Data နေရာမှာ 5000 သို့မဟုတ်
တခြားတန်ဖိုးတွေဖြစ်နေရင် 1000 လို့ ပြောင်းထည့်ပြီး
OK ပေးလိုက်ပါ..။ အောက်ကပုံလေး အတိုင်းပါပဲ..။
ပြီးရင် နောက်တခုက အဲဒီထဲမှာ
WaitToKillAppTimeout စာသားကို ထပ်ရှာပါ.. တွေ့ရင် ၂ချက်တောက်ပြီး Value
Data နေရာမှာ 20000 သို့မဟုတ် တခြား တန်ဖိုးတွေရှိနေရင် 1000
လို့ပြောင်းရိုက်ထည့်ပြီး OK ပေးလိုက်ပါ..။
နောက်တဆင့်ကတော့ အောက်ကပုံလေးအတိုင်း HKEY_LOCAL_MACHINE
>> System >> CurrentControlSet >> Control
ထိရောက်အောင်သွားပါ..။
အဲဒီမှာ WaitToKillServiceTimeout
ကိုအပေါ်က အဆင့်အတိုင်း ရှာပြီး ၂ချက်တောက် Value Data နေရာမှာ 1000
လို့ရိုက်ထည့်ပြီး OK နှိပ်ပေးလိုက်ပါ..။
မပြီးသေးပါဘူး..။ နောက်ဆုံးတဆင့်
ကျန်ပါသေးတယ်..။ အောက်ကပုံလေးအတိုင်း လုပ်ပေးပါ...။ HKEY_USERS DEFAULT
>> Control Panel >> Desktop ကို ထိရောက်အောင် သွားလိုက်ပါ..။
အပေါ်ကအဆင့်တွေအတိုင်း HungAppTimeout
စာသားနေရာမှာ ၂ချက်တောက်ပြီး Value Data တန်ဖိုးကို 1000 လို့ရိုက်ထည့်ပြီး
OK နှိပ်ပါ..။ အောက်ပုံ..
နောက်ဆုံးတဆင့်ကတော့
အဲဒီထဲမှာပဲ WaitToKillAppTimeout စာသားကို ၂ချက်တောက်ပြီး Value Data
တန်ဖိုးကို 1000 လို့ ရိုက်ထည့် OK ပေးလိုက်ပါ..။ ပြီးရင်တော့
ဘောက်စ်တွေအားလုံးကိုပိတ် စက်ကို Restart ချကြည့်လိုက်ရင် Shutdown
သိသိသာသာ မြန်လာတာကို လက်တွေ့မြင်ရပါလိမ့်မယ်..။
အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ..
Comments
Post a Comment