Partition Wizard Home Edition 5.0 Portable

Windows 7 မှာ ဟတ်ဒစ်ကို ဆော့ဝဲလ်မလိုပဲ အပိုင်းတွေ ခွဲထုတ်လို့ ရပေမယ့်.. Windows XP မှာဆိုရင်တော့ ဆော့ဝဲလ်နဲ့မှ ဟတ်ဒစ်ကို အပိုင်းတွေ ခွဲထုတ်လို့ ရတာပါ..။ ဒါကြောင့် ဟတ်ဒစ်ကို အပိုင်းခွဲဖို့ အတွက် ပေါ့ပေါ့ပါးပါးနဲ့ အသုံးပြုရလွယ်တဲ့ ဒီ Portable လေးကို တင်ပေးလိုက်ပါတယ်..။ ၂-ချက်တောက်ပြီး တန်းသုံးယုံပါပဲ..။ အရင်တုန်းကလည်း Setup ဗါးရှင်းလေးတွေ တင်ပေးဖူးပါတယ်..။ လင့်တွေပျက်ကုန်ပြီဖြစ်လို့.. ဒီ Partition Wizard Home Edition 5.0 Portable လေးကလည်း အသုံးပြုရ အဆင်ပြေတဲ့အတွက် ဟတ်ဒစ်အပိုင်းခွဲတတ်အောင်ပါ ပုံလေးတွေနဲ့ ပြန်ပြပေးလိုက်ပါတယ်..။ အရင်တုန်းက ပိုစ့်တွေမှာလည်း အပိုင်းခွဲတာ၊ ခွဲပြီးသား အပိုင်းတွေ ပြန်ပေါင်းတာ စတဲ့ နည်းတွေကို အသုံးပြုတတ်အောင် ပုံလေးတွေနဲ့ အစအဆုံး လုပ်ပြပေးထားတဲ့ပိုစ့်ကို  ပြန်ကြည့်နိုင်ပါတယ်..။ အခု ဒီ Portable လေးကို လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 7 MB ရှိပါတယ်..။
ဒီကောင်လေးကို ၂-ချက်တောက်ပြီး ဖွင့်လိုက်ရင် အောက်ကပုံတွေအတိုင်း ဟတ်ဒစ်ကို အပိုင်းတွေ ခွဲထုတ်လို့ ရမှာ ဖြစ်ပါတယ်..။ Windows 7 တင်နည်းကတော့ Popular ပိုစ့်နေရာမှာ ရှိနေသလို အောက်က လင့်ကနေလည်း ဝင်ကြည့်နိုင်ပါတယ်..။
http://lwinminbo.blogspot.com/2012/04/windows7-format-partition.html
အောက်ကပုံမှာ ပြထားတာကတော့ ဒီ Portable လေးနဲ့ ပြထားတာ ဖြစ်လို့ တဆင့်စီ ကြည့်သွားရင် အဆင်ပြေပြေ လုပ်တတ်သွားပါလိမ့်မယ်..။ မိမိတို့ အပိုင်းခွဲထုတ်ချင်တဲ့ Partition အပိုင်းကို တချက်ကလစ်ပြီး Move/Resize နေရာကို ကလစ်လိုက်ပါ..။ ဝင်းဒိုး နောက်တခု တင်မယ်ဆိုရင်တော့ တခြားပိုင်းတွေနဲ့ မတူအောင် GB ဆိုဒ်ကို သိသိသာသာခွဲထုတ်ထားဖို့ လိုပါတယ်..။ ဒါမှသာ ဝင်းဒိုးနောက်တခုတင်တဲ့ အခါ ၎င်း GB နေရာအပိုင်းကို မှတ်သားထားပြီး တင်လို့ အဆင်ပြေမှာ ဖြစ်ပါတယ်..။


အပေါ်ပုံကတော့ ဘယ်လောက် GB ခွဲမလဲဆိုတာကို မောက်စ်မျှားနဲ့ ဖိဆွဲရွှေ့ယူရမှာပါ..။ စိတ်တိုင်းကျ GB ရွေးယူပြီးရင်တော့ အောက်ကပုံအတိုင်း Apply ပေးလိုက်ပါ..။


ပြီးရင်တော့ အောက်ကပုံတွေ အတိုင်း ဆက်နှိပ်သွားလိုက်ပါ..။




အပေါ်ပုံက OK နေရာကို နှိပ်ပြီးသွားရင်တော့ အောက်ကပုံမှာ အသစ်မြင်နေရတဲ့ Unallocated စာသား ပြထားတဲ့ နေရာကို တချက်ကလစ်ပြီး အပေါင်းပုံ နေရာ Create ကို ဆက်နှိပ်လိုက်ပါ..။



အပေါ်ပုံအတိုင်း OK ပေးပြီး Apply ဆက်ပေးလိုက်ပါ..။ K နေရာကတော့ နောက်ထပ်ပေါ်လာမယ့် Partition ရဲ့ နာမည်ပဲ ဖြစ်ပါတယ်..။


အောက်ကပုံတွေ အတိုင်း ဆက်ပေါ်လာပြီးရင်တော့ အဆင်ပြေသွားပါပြီ..။





Comments

Popular posts from this blog

Window Zawgyi to Unicode Change script

How to work emmcdl.exe

How To Make Create TWRP MT6592 MT6582 MT6572 MT6589 MT6595