Clock Work Mod Recovery အကြောင်းသိကောင်းစရာ

CWM အကြောင်းရေးဖို့ စဉ်းစားတော့ ကျွန်တော် တော်တော်လက်တွန့်နေပါသေးတယ်။ ဘာလို့လဲဆို တော့ ကျွန်တော်က Technician တစ်ယောက်မဟုတ်လို့ပါ။ CWM အကြောင်းပြောလိုက်ရင် အဆင်မပြေဖြစ် ရတဲ့ကျွန်တော့အတွေ့အကြုံတွေကြောင့် လဲပါပါတယ် နောက်တခုက CWM သုံးပြီးနောက်ပိုင်း အမှားတွေလုပ်မိရင် ဖုန်း FirmWare တစ်ခုလုံးပျက်သွားနိုင်တာတွေကြောင့်လဲပါတယ်။ ဒါပေမဲ့ တယောက်ယောက်အတွက် အကျိုးရှိမလားဆိုပြီးရေးလိုက်ပါတယ်။ 


    CWM – ClockWorkMod Recovery ဆိုတာက Phone တစ်လုံးကို System Level Manage လုပ်ဖို့ အလွန်အသုံးဝင်တဲ့ နည်းတစ်ခုပါ။ ပုံမှန်အားဖြင့် Android ဖုန်းတိုင်းမှာ စပြီးထုတ်လိုက်တုန်းကတည်းက Recovery တစ်ခုကပါပြီးသားပါ။ Stock Recovery လို့ခေါ်ကြပါတယ်။ အဲဒါနဲ့ ROM Update လုပ်တာလို လုပ်ငန်းတွေမှာသုံးလို့ရပါတယ်။ ဒါပေမယ့် Stock ROM မှာပါတဲ့ system level application တွေ function တွေ ကိုပြောင်းလဲချင်လာပြီဆိုရင် Stock Recovery နဲ့ မရတော့တာများပါတယ် ဒါကြောင့် CWM ကိုသုံးရတာပါ။ ယျေဘုယျ အားဖြင့်တော့ CWM သုံးဖို့ Bootloader Unlock And/Or Root လုပ်ထားဖို့လိုပါတယ်။


   Android ဖုန်းတလုံးကို Boot စလုပ်ချိန်မှာ Normal, Bootloader And Recovery ဆိုပြီးသုံးမျိုးလုပ်နိုင်ပါတယ်။ Normal ကတော့ Phone ကို ပုံမှန်အတိုင်းဖွင့်တာပါ။ Bootloader ဆိုတာတော့ PC ကနေပဲ Control လုပ်ရတဲ့ Recovery လိုFunction မျိုးပါပဲ အဲဒါအတွက် Fastboot ဆိုတဲ့ Application လေးကို သုံးကြတယ်။ Recovery ကတော့ အထက်ကပြောထားတဲ့Mood ပါ။


   CWM install လုပ်မယ်ဆိုရင် ၂ နည်းရှိပါတယ်။ ROM Manager လို Application မျိုးနဲ့ Android Phone ကနေတင်ပဲ Install လုပ်နိုင်သလို Bootloader ထဲဝင်ပြီးတော့ PC ကလဲ Install လုပ်နိုင်ပါတယ်။
   ROM Manager ကိုသုံးမယ်ဆိုရင် Internet Connection လိုတဲ့အပြင် ဖုန်း Model အားလုံးအတွက်လဲ မရပါဘူး။ Huawei ဖုန်းတွေအတွက် တော့ ဒုတိယနည်းက ပိုအသုံးဝင်ပါတယ်။



   Notice: မိမိစက်နဲ့မကိုက်တဲ့ Recovery ကို Flash လုပ်မိရင် Recovery ကို ဝင်မရဖြစ်တတ်ပါတယ်။ ကံကောင်းတာက အများအားဖြင့်တော့ ဖုန်းကို ပုံမှန်သုံးလို့ရသေးသလို Bootloader ကနေလဲ တခြား Recover ကို ပြန် Flash လုပ်နိုင်ပါသေးတယ်။


   Bootloader သုံးပြီး Recovery ထည့်မယ် (Flash လုပ်မယ်ဆိုရင်) ပထမဆုံး FastBoot Tool ရှိရပါမယ်။  ပြီးရင် ကိုယ့် Device အတွက် Recovery Image ရှိရပါမယ်။ ပြီးရင်တော့
  Fastboot flash recovery recovery.img ဆိုတဲ့ Command ကို Command Line ကနေ Run ရမှာပါ။
   အဲဒီလုပ်ငန်းစဉ်ကို ကိုယ်တိုင်မလုပ်ချင်သူတွေအတွက် Ready-Made လုပ်ထားတဲ့ Package လေးတွေ Download လုပ်နိုင်ပါတယ်။ အဲဒီ package တွေထဲမှာ fastboot.exerecovery.img နဲ့ Batch File လေးတခုပါပါတယ်။ Install လုပ်ဖို့အတွက် Phone ကို Bootloader Mode နဲ့ ဝင်ပြီးတော့ USB ကြိုးတပ်ပြီး Batch File လေးကို run လိုက်ရုံပါပဲ။


   Success ဖြစ်သွားရင် Phone ကို Reboot လုပ်ရပါမယ်။ ပုံမှန်သမားတွေအတွက်ကိုတော့ Battery ဆွဲဖြုတ် ၅ စက္ကန့်စောင့် ပြန်တပ်ပြီးပြန်ဖွင့်ပါ။


   Command Line သမားတွေအတွက်တော့ Fastboot reboot ပေါ့။


   CWM Functions
  

  • reboot system now : ဖုန်းကို Reboot ပြန်လုပ်မှာပါ
  • apply update from sdcard :: သင့်ဖုန်းရဲ့ SD ထဲမှာ update.zip ကိုထည့်ပြီး ROM Update လုပ်နိုင်ပါတယ်
  • wipe data/factory reset :: ဖုန်းကို မူလ အတိုင်းပြန်ဖြစ်အောင် ထပ်ထည့်ထားတဲ့ app တွေ data တွေ setting တွေ အကုန်ဖျက်ပစ်ဖို့ပါ။
  • wipe cache partition :: cache ဖိုင်တွေကိုရှင်းထုတ်မှာပါ။
  • install zip from sdcard :: ဒါက Flashable Zip တွေ တနည်းအားဖြင့် System Application တွေကို Install လုပ်ဖို့ပါ။
  • backup and restore :: ဖုန်းကို Complete BackUp Restore လုပ်နိုင်ပါတယ်။
  • mounts and storage
  • advanced
  • power off
  CWM ထဲကလုပ်တဲ့ Function တွေက အလွန်အရေးကြီးလို့ မိမိနားမလည်တာကို လက်တည့်မစမ်းစေချင်ပါဘူး။ ကိုယ်ဘာလုပ်နေလဲဆိုတာ ကိုယ်သိဖို့လိုပြီး တခုခု အမှားအယွင်းဖြစ်ရင် ကိုယ်တိုင်ရဲ့တာဝန်သာဖြစ် တယ်ဆိုတာလေးတော့ ကြိုသတိပေးပါရစေ။
https://giantdroid.wordpress.com

 ပြန်လည်မျှဝေသူ http://www.winkabarkyaw.net 

Comments

Popular posts from this blog

Window Zawgyi to Unicode Change script

How to work emmcdl.exe

How To Make Create TWRP MT6592 MT6582 MT6572 MT6589 MT6595