Light Trail Photo with Android Phone

Google က သူ့ရဲ့ Android OS version Lollipop မှာ ကင်မရာ setting တွေကို manual ပြင်ဆင်လို့ရအောင် ပြုလုပ်ပေးလိုက်တာကြောင့် နောက်ပိုင်းထွက်တဲ့ Android ဖုန်း တွေဟာ အရင်က Pro DSLR ကင်မရာတွေနဲ့မှ ရိုက်လို့ရတဲ့ ပုံစံမျိုးတွေကို ဖုန်းတွေနဲ့ပါ ရိုက်လို့ရလာပါတယ် ။ Professional DSLR ကင်မရာတွေနဲ့ ဖုန်းကင်မရာတွေက တပ်ဆင်ထားတဲ့ ပုံရိပ်ဖမ်း sensor ဟာဒ်ဝဲနဲ့ မှန်ဘီလူး အရည်အသွေးတွေ တော်တော်ကွာသေးတော့ ပုံအရည်အသွေးကတော့ DSLR ကင်မရာတွေရဲ့ ပုံထွက်နဲ့တော့ သွားနှိုင်းလို့တော့ မရသေးဘူးပေါ့ဗျာ ။ ဒါပေမဲ့ တစ်ဖြေးဖြေတော့ ဖုန်းကင်မရာတွေရဲ့ လုပ်ဆောင်နိုင်စွမ်းအရည်အသွေးကတော့ မြင့်တက်လာနေပါတယ် ။ ခု post မှာတော့ အရင်က Pro ကင်မရာတွေမှာပဲ ရိုက်လို့ရတဲ့ Light Trail ပုံ တွေကို Android ဖုန်းတွေနဲ့ ဘယ်လိုsetting တွေ ထားပြီ: ကလိမလဲဆိုတာ Google မှာရှာဖတ်လို့ ရသမျှကနေ ရည်ညွှန်:ပြီး မျှဝေလိုက်ပါတယ် ။ Pro ကင်မရာတွေက ဈေးကြီးသေးတော့ လူတိုင်း မကိုင်နိုင်ပေမဲ့ ဖုန်းတွေကတော့ ခု နောက်ပိုင်းတော်တော်များများကိုင်လာနိုင်ပြီဆိုတော့ ကိုယ့်မှာရှိတဲ့ ဖုန်းနဲ့ပဲ လက်တည့်စမ်းကလိလို့ရတာပေါ့ဗျာ ။
ခု နောက်ပိုင်းထွက်တဲ့ Android ဖုန်းတွေ Note 5, LG G4 , Galaxy S6 ,Sony Z5 အစရှိတဲ့ ဖုန်းတွေမှာဆိုရင် ကင်မရာ setting တွေကို ကလိလို့ရအောင် ပြုလုပ်ထားပါတယ် ။ ကင်မရာ setting ဆိုတာ shutter speed တို့ ISO တို့ ဘာ တို့ ကို ပြောတာပါ ။ Light Trail photo ရိုက်ရင် အဲ့ဒီ့ ၂ ခုက တော်တော်အရေးပါပါတယ် ။ LG G4 မှာတော့ Light Trail photo ရိုက်ဖို့ ကင်မရာ setting တွေကို ကိုယ့်ဘာသာကို လျှောက်ပြင်စရာမလိုပဲနဲ့ သူ့အတွက် ကင်မရာ ဆော့ဝဲမှာကိုက mode တစ်ခုအနေနဲ့ ပါပြီ:သားလို့ဆိုတယ်။ကျန်တဲ့ ဖုန်းတွေ မှာကတော့ ကိုယ့်ဘာသာကိုယ် ကလိပြီ: ပြင်ရိုက်ရမှာပေါ့ဗျာ ။ ရိုက်ဖို့အတွက်ကတော့ ဒီအောက်မှာ ပြောထားတဲ့ အချက်တွေကို ပြင်ဆင်ရမယ်ဗျ ။ 1) Location ပထမဆုံးကတော့ ရိုက်ဖို့ နေရာရှာတာပေါ့ဗျာ ။ လွယ်မရောင်နဲ့ တော်တော်ခက်တဲ့အချက်ပဲဗျ ။ အဓိကအားဖြင့်တော့ ရွေ့လျားနေတဲ့အရာတွေကို အလင်းတန်းပုံစံကြီး ထွက်အောင် ရိုက်မှာဆိုတော့ ကားလမ်းမကို အပေါ်စီးကနေ မြင်ရတဲ့ နေရာပေါ့ဗျာ ။ တိုက်ခန်းဝရန်တာပေါ်ကနေတို့.. လူကူးခုံးကျော်တံတားပေါ်ကနေတို့ .. ရိုက်ရင် အိုကေပါတယ် ။ ဒါပေမဲ့ ဓာတ်ပုံထဲမှာ လှလှပပ ထွက်လာအောင် ပတ်ဝန်:ကျင်ရွေးတဲ့ အလုပ်ကတော့ ခက်တော့ခက်တယ်ဗျ ။ ကျွန်နော်ကိုယ်တိုင်လဲ ခုထိ နေရာ ကောင်းကောင်း မရွေးတက်သေးဘူး ။ ရိုက်လိုက်ရင် ပါတ်ဝန်:ကျင်က ရှုပ်ရှပ်ခတ်နေတာပဲ ။အဲ့ဒါတွေက ဓာတ်ပုံရိုက်ပါများမှပဲ တစ်ဖြေးဖြေးသိလာမဲ့ အတွေ့အကြုံတွေပဲ ထင်ပါရဲ့ ။ 2) Use Tripod ဒါလဲ အရေးကြီးတဲ့အချက်ပဲဗျ ။ Light Trail photo ရိုက်ရင် ဖုန်းက ငြိမ်နေဖို့လိုတယ်ဗျ ။ နဲနဲလေး လှုပ်တာနဲ့ ပုံက ဝါးထွက်သွားရော ။ လက်နဲ့ ကိုင်ရိုက်ရင် ဓာတ်ပုံက ဝါးကို ဝါးသွားတယ်ဗျ ။ အဲ့ဒီ့တော့ Pro ကင်မရာ တွေ တင်ရိုက်တဲ့ သုံးချောင်းထောက်စင် ( Tripod) မှာ ဖုန်း ချိတ်ပြီ:ရိုက်မှ အိုကေတယ်ဗျ ။ Tripod မရှိဘူးဆိုရင်လဲ selfie stick တုတ်တံမှာ ဖုန်းကိုတပ်ပြီ: ကိုငြိမ်အောင် မြေကြီးမှာ သေချာစိုက်ထား ပြီ:ရိုက်လဲရတယ်ဗျ ။ ဝရန်တာပေါ်က ရိုက်တာဆိုရင်တော့ selfie stick တုတ်တံ နဲ့ ဝရန်တာနဲ့ ခိုင်ခိုင် တွဲချီထားပြီ: ရိုက်ရင်လဲ ပါတယ် ။ 3) Take with Earphone or use Timer ဒါ ကလဲ ဓာတ်ပုံ ရိုက်တဲ့ အခါမှာ screen ကို နှိပ်ပြီ:ရိုက်လိုက်ရင် တုန်ခါမှုဖြစ်သွားမှာမှာစိုးလို့ တစ်ခြားနည်:လမ်းနဲ့ ရိုက်ခိုင်းတာဖြစ်ပါတယ်။ screen ကိုထိပြီ: ရိုက်လိုက်ရင် ဖုန်းက တုန်ခါသွားတာကြောင့် ပုံတွေက ဝါးသွားပါတယ်။ အဲ့ဒီ့တော့ ဖုန်းကို ဓာတ်ပုံ ရိုက်လိုက်တာ့ အချိန်မှာ တုန်ခါမှူ မဖြစ်သွားအောင်လို့ Timer ကိုသုံးပြီ: ရိုက်ခိုင်းတာ ဖြစ်ပါတယ်။ 5 seconds ပေးထားလိုက်ရင် အဆင်ပြေပါတယ်။ Timer ပေးပြီ: ရိုက်လိုက်တဲ့ အတွက် screen ကို စနှိပ်လိုက်တဲ့ အချိန်မှာ ဖုန်းက တုန်ခါမှု ဖြစ်သွားရင်တောင် ဓာတ်ပုံက နောက် 5 seconds ကြာမှာ ရိုက်မှာဖြစ်တဲ့အတွက် အဲ့ဒီ့ အချိန်ဆို တုန်ခါမှုမရှိတော့ပါဘူး ။ အကောင်းဆုံးနည်းလမ်းကတော့ earphone နားကြပ် နဲ့ ဖုန်းကို ချိတ်ထားပြီ: ဓာတ်ပုံရိုက်တာပါပဲ။ ဖုန်းကင်မရာ application တွေက နားကြပ် မှာပါတဲ့ အသံချဲ့တဲ့ အပေါင်း ခလုပ် ( + ) ကို နှိပ်လိုက်တာနဲ့ ဓာတ်ပုံရိုက်လို့ရတဲ့ လုပ်ဆောင်ချက် ထည့်ပေးထားကြပါတယ်။ အဲ့ဒီ့တော့ ဓာတ်ပုံရိုက်ဖို့အတွက် ဖုန်း screen ကို တစ်ကူးတက သွားနှိပ်စရာမလိုတော့ တုန်ခါမှုလဲ မရှိတော့ပါဘူး ။ 4) Take as Raw photo ခုနောက်ဆုံးထွက်ထားတဲ့ Android ဖုန်းတွေက ဓာတ်ပုံရိုက်လိုက်ရင် ရိုက်ထားတဲ့ ပုံကို Raw photo ( .dmg) file အနေနဲ့ save ထားလို့ရပါတယ် ။ ပုံမှန် အနေနဲ့ ဖုန်းတွေက ပုံတွေကို .Jpeg file အနေနဲ့ပဲ save တာပါ ။ Jpeg file ဆိုတာ ရိုက်ထားတဲ့ပုံကို ချုံ့ပြီ: သိမ်းတဲ့ file အမျိုးအစား တစ်မျိုးပါပဲ။ Raw photo (.dmg) file ကျတော့အဲ့ဒီ့လို မဟုတ်ပါဘူး ။ သူက image sensor တွေကနေထုတ်ပေးလိုက်တဲ့ data တွေအတိုင်း ကို save လုပ်လိုက်တာပါ ။ အဲ့ဒီ့အတွက် JPEG file ၁ ခုက memory ပေါ်မှာ 10 MB ပဲနေရာယူရင် Raw Photo (.dmg) file ကတော့ 30 MB နေရာယူပါတယ်။ ဘာကြောင့် Raw photo အနေနဲ့ save လုပ်ခိုင်းရတာလဲဆိုတော့ ရိုက်ပြီ:သွားလို့ .JPEG file ကို ပုံပြင်တဲ့ software တစ်ခုခုနဲ့ ပြင်ပြီ: ထွက်လာတဲ့ ပုံ ဆိုရင် resolution က တော်တော်ကျသွားပါတယ်။ Raw photo ကြတော့ အဲ့ဒီ့လို မဟုတ်ပါဘူး။ ပြင်လဲ မူရင်းရိုက်ထားတဲ့ resolution အတိုင်းပါပဲ ။နောက်ပီ: ရိုက်ပြီ:သွားတဲ့ပုံကို အလင်းအမှောင်ချိန်တဲ့ အခါမှာလဲ Raw photo က ပြင်ရတာပိုကောင်းပါတယ်။ အောက်ကပုံမှာ ညဘက် ကောင်းကင် ရဲ့ အပြာရောင်က ပုံမှန် JPEG မှာဆိုမရနိုင်ပါဘူး ။ ရအောင် photo editor softwareတွေ နဲ့ ပြင်တောင် noise တွေထနေပါလိမ့်မယ်။ အဲ့ဒီ့ပုံက CNet website ကနေ LG G4နဲ့ ရိုက်ထားပြီ:တော့ Raw photo အနေနဲ့ saveပြီ: ပြင်ထားပုံက တော်တော်လေးကိုကောင်းနေတာပါ ။ အဲ့ဒီ့တော့ ကိုယ့်ဖုန်းက Raw photo ရိုက်လို့ရရင် ကင်မရာ setting ထဲမှာ Save as raw photo ဆိုတဲ့ option ကိုအရင်on ထားပြီ: ရိုက်တာ အကောင်းဆုံးပါပဲ ။


LG G4 raw image by Andrew Hoyle/CNET

5) Shutter Speed and ISO Light Trail Photo ရိုက်ရင် shutter speed ကို အကြာကြီး ဖွင့်ထားရတာ အတွက်ကြောင့် အလင်းက အများကြီးဝင်လာပါတယ် ။ အဲ့ဒီ့အတွက် ကင်မရာ မှာ အလင်း အမှောင်ချိန်တဲ့ setting ဖြစ်တဲ့ ISO settingကို အနိမ့်ဆုံးထားထားပေးတာ ပိုကောင်းပါတယ် ။ ကျွန်နော့်ဖုန်း Galaxy S6 Edge+ မှာတော့ ISO value ကို အနိမ့်ဆုံး 50 ထိပဲချလို့ရတယ်ဗျ ။ ဖုန်းတစ်လုံးနဲ့ တစ်လုံးက အနိမ့်ဆုံး ISO value ကမတူကြပါဘူး ။ ကိုယ့်ဖုန်းရဲ့ အနိမ့်ဆုံး ISO value ထားတာ ပိုကောင်းပါတယ် ။ နောက် တစ်ခုဖြစ်တဲ့ shutter speed က တော့ ဒီ Light Trail photo ရိုက်ဖို့အတွက် အရေးကြီးဆုံး setting ပါပဲ ။ ကိုယ်ရိုက်လိုတဲ့ object ရဲ့ သွားနေတဲ့အမြန်နှုံးပေါ်မူတည်ပြီ: shutter speed value ကစားပေးရပါတယ် ။ ပုံမှန်အားဖြင့် shutter speed ကို 2 second ထားပြီ: ရိုက်တာ အဆင်ပြေတာများပါတယ် ။ အောက်က ပုံတွေကို ကြည့်ပြီ: ဘယ်လောက်ထားသင့်တယ်ဆိုတာ ခန့်မှန်းလို့ရမယ်ထင်ပါတယ် ။ ဒီအောက်က ပုံ ဆိုရင် ကျွန်နော် shutter speed 2 second ထားပြီ:ရိုက်လိုက်ပါတယ် ။ ကျွန်နော် ရိုက်တဲ့ အချိန်မှာ ကားတွေတော်တော်မြန်မြန်မောင်းနေပါတယ် ။


Shutter Speed 2 seconds by Galaxy S6 Edge+

ဒီအောက်က ပုံလဲ ဆိုရင် ကျွန်နော် shutter speed 2 second ထားပြီ:ရိုက်လိုက်ပါတယ်။ မီးပွိုင့်ကို bus ကားက အရှိန်နဲ့ ဖြတ်မောင်းနေတာပါ ။


Shutter Speed 2 seconds by Galaxy S6 Edge+

ဒီ အောက်ကပုံက တော့ မြစ်ထဲမှာ ရှိတဲ့ လှေတစ်စင်းကို ရိုက်လိုက်တာပါ ။ သူ့ရဲ့ အရှိန်ကတော်တော် နှေးပါတယ်။ အဲ့ဒီ့တော့ shutter speed ကို 8 seconds လောက်ထားမှ အလင်းတန်းပုံစံ ရပါတယ် ။


Shutter Speed 8 seconds by Galaxy S6 Edge+

အပေါ်က shutter speed ပြင်ပြီ:ရိုက်ခိုင်းတာက Android lollipop version မှာ manual setting ထားပြီ: ရိုက်လို့ရတဲ့ ဖုန်းတွေအတွက်ပါ ။ တကယ်လို့ ကိုယ့်ဖုန်းရဲ့ ကင်မရာ application မှာ manual setting မပါဘူး .. Light Trail photo လဲ ရိုက်ချင်တယ်ဆိုရင်တော့ ဒီ အောက်က FV-5 camera application နဲ့ စမ်းလို့ရပါတယ် ။ Camera FV-5 applicationကိုတော့ အောက်မှာပေးထားတဲ့ link ကနေ free ဒေါင်းပြီ: ယူလို့ရပါတယ်။ https://play.google.com/store/apps/... Camer FV-5 နဲ့ ရိုက်ရင်တော့ သူ့ applicaiton screen မှာဘယ်ဘက်မှာရှိတဲ့ P ဆိုတဲ့ ခလုပ်နေရာကို နှိပ်လိုက်ပြီ:တော့ S ကို ရွေးလိုက်ရင် ကျလာတဲ့ option ထဲက Long+ ဆိုတာကို ရွေးပြီ: ရိုက်ရင် ရပါတယ်။ အောက်ကပုံလိုပေါ့ ။


Camera FV-5 app နဲ့ တော့ ကျွန်နော်လဲ သေချာ မစမ်းဖူးပါဘူး။ နိုင်ငံတကာက technology website တွေ blog တွေမှာတော့ ဒီ Camera FV-5 app ကိုတော်တော်ကို recommend ပေးကြပါတယ်။ Android ရဲ့ third party camera app တွေထဲမှာ အကောင်းဆုံးဆိုပြီ:တော့ကို ပြောကြပါတယ်။ ဖုန်း နဲ့ ဓာတ်ပုံရိုက်တာ ဝါသနာပါတဲ့ သူတွေအတွက် စမ်းကြည့်သင့်တယ် လို့ထင်ပါတယ်။ အဆင်ပြေကြပါစေဗျာ ... Sai Thet Reference : http://robinwong.blogspot.sg/2014/1...

Comments

Popular posts from this blog

Window Zawgyi to Unicode Change script

How to work emmcdl.exe

How To Make Create TWRP MT6592 MT6582 MT6572 MT6589 MT6595