Windows ပေါ်တွင် boot.img, recovery.img ဖိုင်များကို ခွဲနည်း၊ ပြင်နည်း နှင့် ပြန်ပေါင်းနည်း

အခုပြောပြမည့်နည်းကတော့ cygwin မှတဆင့် Android kitchen ကိုအသုံးပြု၍ img ဖိုင်များကို ခွဲနည်း၊ ပြင်နည်း နှင့် ပြန်ပေါင်းနည်း ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်ဥာဏ်ရှိသလို official firmware များ custom rom များကို modify လုပ်နိုင်ပါသေးတယ်။

လိုအပ်သော ဖိုင်များကိုဒေါင်းပါ
.net framework 4.5
Java Development kit (JDK)
cygwin
Android kitchen
Note++




Install လုပ်နည်း
၁။ .net framework 4.5 ကို install လုပ်ပါ။
၂။ JDK ကို install လုပ်ပါ။
၃။ cygwin ကို install လုပ်နည်း
 -ဒေါင်း၍ရလာသော dsixda_cygwin_install.zip ဖြေပါ။
 -အထဲမှ setup.exe ကို run ပါ။ အောက်မှာ ပြထားသည့် ပုံများအတိုင်း install လုပ်သွားပါ။
 
Cygwin နှင့် Android kitchen ချိတ်နည်း
- ဒေါင်း၍ရလာသော Android-Kitchen-0.223_rev9a.zip ကိုဖြေပါ။
- ဖြေ၍ရလာသော ဖိုင်များကို C:\cygwin\kitchen ဖိုဒါ ဆော်က၍ထည့်ပါ။

- desktop ပေါ်မှ cygwin ကို run ပါ။ အခုလို ပေါ်လာပါလိမ့်မယ်။

- directory ချိန်းပြီး kitchen ဖိုဒါထဲက menu ကို open ရပါမည်။
cd C:\cygwin
cd kitchen
./menu

- အခုဆိုရင်တော့ cmd box မှာ အခုလို menu လေးမြင်ရမှာပါ။

- ဒီနေရာမှာ အရေးကြီးဆုံးက working folder တစ်ခု ဆော်ရမှာပါ။
- working folder ဆောက်ဖို့ နည်းကိုပြောပြပေးပါမယ်။
- kitchen ဖိုဒါ ထဲက original_update ဖိုဒါ ထဲကို official firmware or custom rom တစ်ခုထည့်ပါ။
  ကျွန်တော်ကတော့ huawei firmware ဖြစ်တဲ့ UPDATE.APP ထည့်စမ်းပါတယ်။ 

 ထည့်လို့ရတဲ့ file format ကို သိချင်ရင်တော့  ဒီနေရာမှာ s ဆိုတာကို ရွေးလိုက်ပါ။ ဆက်သွားမယ်ဆိုရင်တော့ Enter ကို နှိပ်ပါ။
ဒီနေရာမှာ working folder ကို နာမည် ပေးမှာဖြစ်ပါတယ်။ သူပေးထားတဲ့ နာမည် အတိုင်းထားချင်ရင်တော့  n ကို နှိပ်ပါ။ ကိုယ်ကြိုက်တာ ပြင်ချင်ရင်တော့ y ကို နှိပ်ပါ။
  
ဒီနေရာမှာ  ကိုယ်ပေးချင်တဲ့ Working folder နာမည်ရေးပေးရမှာပါ။
အခုဆိုရင်တော့ working folder တစ်ခုဆောက်ပြီးသွားပြီဖြစ်တဲ့ အတွက် ကိုယ်လုပ်ချင်တာ လုပ်လို့ရပါပြီ။ boot.img ကို ခွဲချင်ရင် working folder ထဲထည့်ပြီး ခွဲလို့၊ ပြင်လို့၊ ပြန်ပေါင်းလို့ရပါပြီ။
boot.img ကို ခွဲဖို့၊ ပြင်ဖို့၊ ပေါင်းဖို့ အတွက် menu မှာ ADVANCED OPTION ဖြစ်တဲ့ 0 ကိုရွေးပေးရင် အောက်ပါ ပုံအတိုင်းကျလာပါလိမ့်မယ်။
နံပါတ် ၁၂ ကိုရွေးပေးလိုက်ပါ အောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မယ်။ boot.img ကို ဖြေချင်ရင် w ကို နှိပ်ပေးလိုက်ရင် ရပါပြီ။
 boot.img ကိုဖြေပြီးသွားရင်တော့ အခုလို BOOT-EXTRACTED ဆိုတဲ့ folder တစ်ခု ပေါ်လာပါလိမ့်မယ်။
အဲဒီ အထဲမှာတော့ ဒါလေးတွေ ကိုတွေ့ရပါလိမ့်မယ်။
boot.img-ramdisk ဖိုဒါ ထဲက ဖိုင်တွေကို ကိုယ့်စိတ်ကြိုက် ပြင်လို့ရပါပြီ။
စိတ်ကြိုက်ပြင်ပြီး ပြန်ပေါင်းချင်တယ် ဆိုရင်တော့ အောက်မှာပြထားတဲ့ ပုံအတိုင်း b ကို နှိပ် ပေးလိုက်ရုံပါပဲ။ ပြင်ပြီးသား boot.img က အရင် ထည့်ထားတဲ့ working folder ထဲက boot.img နေရာမှာ replace လုပ်သွားမှာဖြစ်ပါတယ်။ 
အားလုံး အဆင်ပြေ ကြပါစေ.....

 boot.img ထဲက ဖိုင်တွေ ပြင်နည်း နှင့် font ထည့်တဲ့ superboot ၊ root လုပ်တဲ့ superboot ၊ pattern lock ဖျောက်တဲ့ superboot ထည့်နည်းတွေကို နောက် post တွေမှာ ဆက်လက်တင် ပြပါဦးမယ်။

Comments

Popular posts from this blog

Window Zawgyi to Unicode Change script

How to work emmcdl.exe

How To Make Create TWRP MT6592 MT6582 MT6572 MT6589 MT6595