သိထားသင့်တဲ့ DSLR Metering အခြေခံ အကြောင်းများ …


Metering

DSLR ကင်မရာတွေမှာ Metering Mode အများအပြား ရှိပါတယ်။ Metering ဆိုတာ Lens ကနေ ဝင်လာတဲ့ အလင်းကို ကင်မရာရဲ့ Firmware ကနေ ဘယ်မှာရှိသင့်လည်းဆိုတာ ခွဲခြားတွက်ချက်ပြီး သင့်တော်တဲ့ အလင်းအမှောင် နဲ့အရောင်တွေကို ပုံဖော်ပေးတာဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ဆိုရင်တော့ Metering ဆိုတာ အရာဝတ္ထုတစ်ခုကို ဓာတ်ပုံရိုက်တဲ့အခါ အလင်းအမှောင် တိုင်းတာတာကိုခေါ်ပါတယ်။ အသုံးပြုတဲ့ ကင်မရာပေါ်မူတည်ပြီးတော့ Metering အခေါ်အဝေါ်ပြောင်းလဲတတ်ပါတယ်။

Canon မှာတော့ Evaluative Metering လို့ခေါ်ပြီး Nikon မှာတော့ Matrix Metering လို့ခေါ်ပါတယ်။ နောက်ပြီးတော့ Metering ကိုစိတ်ကြိုက်ရွေးနိုင်တဲ့ တခြားMetering Mode တွေရှိပါသေးတယ်။ အဲ့ဒါတွေကတော့ Center Weighted Metering နဲ့ Spot Metering တို့ပဲဖြစ်ပါတယ်။ တချို့ Canon EOS Models တွေမှာတော့ Partial Metering လို့ခေါ်ပါတယ် ဒါပေမယ့် အဲ့ဒါက Spot Metering နဲ့တူပါတယ်။ ဒီ Metering (၄) ခုဟာ အခေါ်အဝေါ်ပဲ ကွာတာဖြစ်ပြီး Function အနေနဲ့ဆိုရင်တော့ ကွာခြားချက် သိပ်မရှိပါဘူး။ ဓာတ်ပုံကို Manual Mode နဲ့ရိုက်တဲ့အခါ ဘယ်ဘက် ဒါမှမဟုတ် ညာဘက်မှာ ပါတဲ့ဘားတန်းကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ( ပုံကိုကြည့်ပါ)


DSLR-Metering-Mode
Matrix Metering / Evaluative Metering

Matrix-and-Evaluative-Metering
ကင်မရာတွေမှာ Metering Mode တွေကို အဆင်သင့် အလွယ်သုံးနိုင်အောင် Default အနေနဲ့ ထားပေးလေ့ ရှိပါတယ်။ Default စနစ်မှာ ကင်မရာရဲ့ Metering Sensor ဟာ Camera Frame အကျယ်ကို အပိုင်းတွေခွဲပြီး ခွဲထားတဲ့ အပိုင်းတွေမှာ ရှိတဲ့ အလင်းရောင်နဲ့ အရောင်တွေအပါအဝင် Light Exposure အားလုံးကို တွက်ချက်ပြီးတော့ ကင်မရာရဲ့ Exposure Setting ကိုသတ်မှတ်တာဖြစ်ပါတယ်။ Matrix Metering ဟာ Frame အတွင်းထဲမှာရှိတဲ့ အလင်း ၊ အမှောင် တွေကို ညီမျှအောင်တွက်ချက်ပေးတဲ့အပြင် ပုံမှာပြထားတဲ့ အနီရောင်လေးထောင့်ကွက်တွေကတော့ Matrix Metering ကိုတွက်ချက်ပေးတဲ့ဧရိယာတစ်ခုဖြစ်ပါတယ်။

Center Weighted Metering

Center-Weighted-Metering
ဒီစနစ်မှာတော့  Frame ဧရိယာ အလယ်ဗဟိုစက်ဝိုင်းကိုပတ်လည် အတွင်းမှာရှိတဲ့ အချက်အလက်ကိုပဲ အဓိကထားတွက်ပေးတာဖြစ်ပါတယ်။ ခန့်မှန်းခြေ ကတော့ 8mm ဖြစ်ပါတယ်။ ဒါပေမယ့် အလယ်တစ်ခုတည်းမဟုတ်ပဲ ဘေးဘက် ဧရိယာ တချို့ကိုလည်းထည့်စဉ်းစားပြီးတွက်ပေးပါတယ်။ ဒီ Center Weighted Metering ကိုအရင်က Portrait ရိုက်တဲ့နေရာမှာသုံးပါတယ်။ ဥပမာ သင့်အနေနဲ့ လူတစ်ယောက်ရဲ့ ခေါင်းပိုင်းကိုပဲ အနောက်ကနေ ရိုက်မယ်ဆိုပါစို့ ဒီMode ဟာ ကိုယ်ရိုက်မယ့်သူရဲ့ မျက်နှာအတိအကျကိုဖော်ပြပေးပြီး ဖြစ်နိုင်ခြေရှိတဲ့ အလင်းအမှောင်တွေကိုပါ တွက်ချက်ပေးတာဖြစ်ပါတယ်။

Spot Metering

Spot-Metering
Spot Metering ကတော့ ကင်မရာက Focus ရွေးထားတဲ့နေရာတစ်ခုတည်းမှာ ရှိတဲ့ Light Exposure ကိုပဲ တွက်ပြီး ကင်မရာရဲ့ Exposure Setting ကို Set လုပ်ပေးတာဖြစ်ပါတယ်။ တချို့ကတော့ Bird Photography အတွက်သုံးပါတယ်။ ဘာလို့လည်းဆိုတော့ ငှက်တွေဟာ အများအားဖြင့် Frame ဧရိယာသေးသေးလေးထဲမှာ ဝင်ဆန့်တာကြောင့်ဖြစ်ပါတယ်။ ဒါပေမယ့် Background ဟာ လင်းနေလား မှောင်နေတာလားဆိုတာကိုတော့သေချာအောင်သိဖို့လိုပါတယ်။ Spot Metering မှာတွက်ချက်တဲ့ ဧရိယာစက်ဝိုင်းဟာ 3.5mm ခန့်ပဲရှိပါတယ်။ ပုံမှာပြထားတဲ့အတိုင်း Spot Metering ( အနီရောင်စက်ဝိုင်း ) ဟာ Single Point လုပ်ထားတဲ့ မြေခွေး ရဲ့မျက်နှာပေါ်မှာပဲ တွက်ချက်ပြီး ပုံဖော်ပေးတာပါ။ Spot Metering ဟာ မြေခွေး (Portrait )ကိုပဲ အဓိကတွက်ပြီး Light Exposure Setting ချိန်ပေးတာကြောင့် မြေခွေးပုံကတော့ အလင်းအမှောင်ကောင်းပြီး နောက်ခံရှုခင်းကတော့ Overexpose ဖြစ်ပြီး ဖြူနေတာကိုတွေ့ရမှာပါ။ ဘာလို့လည်းဆိုတော့ ကင်မရာက မြေခွေးပုံ မှောင်နေတဲ့ အတွက် အလင်းရောင်နည်းနေတယ်လို့ယူဆပြီး အပြင်မှာရှိတဲ့ ရှုခင်းအလင်းရောင်တွေကို ထည့်မတွက်ပဲ အလင်းကိုတင်ပေးလိုက်လို့ ဖြူသွားတာဖြစ်ပါတယ်။

တချို့ ကင်မရာတွေဖြစ်တဲ့ Canon 1D / 1Ds တွေမှာ Multi-Spot Metering လုပ်နိုင်စွမ်းရှိပါတယ်။ အခြေခံပြောရရင်တော့ Multiple Spots ရွေးချယ်ခွင့်ပြုပြီးတော့ အလင်းအမှောင် ကောင်းကောင်းရအောင် ပျှမ်းမျှတွက်ချက်ပေးတာဖြစ်ပါတယ်။

Camera Metering Mode ကိုဘယ်လို ပြောင်းမလဲ ?
ဒီလိုပြောင်းဖို့ဆိုတာကတော့ ထုတ်လုပ်တဲ့ ကုမ္ပဏီပေါ်လိုက်ပြီး အမျိုးမျိုးကွဲပြားပါတယ်။ ဥပမာ Nikon D5500 မှာဆိုရင် Menu Setting ထဲက Info Button မှာပြောင်းရမှာဖြစ်ပါတယ်။ Nikon D810 နဲ့ Nikon D5 တို့လို Professional Camera တွေမှာတော့ ဘယ်ဘက်ထောင့်မှာ နာရီလိုမျိုး လှည့်တဲ့ Camera Metering ကိုတွေ့ရမှာပါ။

အခုဖော်ပြထားတဲ့ အကြောင်းအရာတွေဟာ DSLR Metering Mode နဲ့ပတ်သတ်ပြီး သိထားသင့်တဲ့ အခြေခံအချက်တွေ ဖြစ်ပါတယ်။

Ref : PhotographyLife

Comments

Popular posts from this blog

Window Zawgyi to Unicode Change script

How to work emmcdl.exe

How To Make Create TWRP MT6592 MT6582 MT6572 MT6589 MT6595