Facebook Video များကို ဆော့ဝဲမလိုပဲ အလွယ်ဒေါင်းနည်း


ကျွန်တော်တို့ အင်တာနက်ကို ပုံမှန်ဒေါင်းသူတွေ အများစုက IDM 
ကိုစက်ထဲမှာ သွင်းထားတဲ့ အတွက် Video ဒေါင်းတာတွေနဲ့ပက်သတ်ရင်
အခတ်အခဲမရှိပါဘူး ဒေါင်းမလားဆိုတာ အလိုလိုပေါ်လာပါတယ်
ဒါပေမယ့် မိမိကိုယ်ပိုင်စက်မဟုတ်ဘဲ အင်တာနက်ဆိုင်မှာသုံးသူတွေ
ကျတော့ လိုင်းမကောင်းရဲ့ကြားထဲ IDM ပါ ထပ်ဒေါင်းရမယ်ဆို အဆင်မပြေဘူး
ဒါကြောင့် ဒီနည်းလေးကို ကျွန်တော်သိသလောက် တင်ပြလိုက်ရတာပါ။
facebook video တွေကို ဒေါင်းနိုင်တဲ့ နည်းလမ်းပေါင်းများစွာရှိပေမယ့်
အခုနည်းလေးကတော့ လက်ရှိအချိန်မှာ အဆင်ပြေနေဆဲမို့ပါ
ကွန်ပျူတာ အခြေခံကိုသေချာမသိသူတွေအတွက်ပါ အဆင်ပြေအောင်
ရေးပေးလိုက်ပါတယ် သယ်ချင်းတို့ရေ။

စစခြင်း ကျွန်တော်တို့ လိုချင်တဲ့ ဗီဒီယိုကိုဖွင့်လိုက်ပါ အောက်ကပုံအတိုင်း
သူ့အပေါ်က address bar က လိပ်စာအကုန် Select ပေးပြီး ကော်ပီကူးလိုက်ပါ
 
ပြီးရင်တော့ http://www.downvids.net/ ကိုသွားလိုက်ပါ
ပြီးရင် အောက်ကပုံမှာပြထားသလိုပဲ ခုနက ကော်ပီယူခဲ့တဲ့
Address ကို Paste လုပ်ပြီး အနီနဲ့ဝိုင်းပြထားတဲ့ Download ကို
နှိပ်လိုက်ပါ 
 
ဒါဆို အောက်ကပုံလေးအတိုင်း  မရပါဘူးလို့ ပြောပါတယ် စိတ်မညစ်ပါနဲ့။
မရပါဘူးပြောတဲ့ Option 2 က နံပါတ်(၁)မှာ သူပေးတဲ့ လင့်ကို
နှိပ်လိုက်ပါ
 
ခုနက သူပြောတဲ့ လင့်လေးကိုနှိပ်လိုက်တော့ ကိုယ်ဒေါင်းချင်တဲ့ ဗီဒီယို
မူရင်းလင့်နေရာကိုရောက်သွားပါတယ် အဲဒီအခါ လွတ်တဲ့
နေရာလေးမှာ Right click နှိပ်ပြီး View page source ကိုနှိပ်လိုက်ပါ
 
အောက်ကပုံလေးအတိုင်း page source code တွေပေါ်လာပါတယ် အကုန်
Select လုပ်ဖို့ ကီးဘုတ်က Ctrl+A ကိုတွဲနှိပ်လိုက်ပါပြီးရင် copy လုပ်ပါ(Ctrl+C)
 
အိုကေ ကော်ပီကူးပီးသွားပြီဆိုရင် ခုနက အကွက်လေးဆီပြန်သွားပါ
အောက်ကပုံလေးပြထားသလိုပေါ့ အဲဒီအကွက်လေးမှာ right click နှိပ်ပြီး 
paste လုပ်လိုက်ပါ ကော်ပီကူးခဲ့တဲ့ ကုဒ်တွေကို တွေ့ရပါလိမ့်မယ်
ပြီးရင်တော့ အောက်က Download ဆိုတာကိုနှိပ်လိုက်ပါ 
ခဏစောင့်လိုက်ရင် ဒေါင်းဖို့အတွက်လာပြောပါလိမ့်မယ် Save လုပ်ရုံပါပဲ

မှတ်ချက်။ တစ်ခါတစ်ရံမှာ save မပြပါဘူး web player နဲ့ ဗီဒီယိုချည်း သက်သက်
လာပြပါတယ် အဲဒီအခါ File Menu ထဲက save page as(Ctrl+S)
ကိုနှိပ်လိုက်ရင် Save လုပ်ဖို့မေးပါလိမ့်မယ် အဲဒီအခါ .mp4 နဲ့ဆုံးလား
ကြည့်လိုက်ပါ မှန်တယ်ဆိုရင်တော့ save ကိုသာ ရဲရဲနှိပ်ပစ်လိုက်ပါ။

Comments

Popular posts from this blog

Window Zawgyi to Unicode Change script

How to work emmcdl.exe

How To Make Create TWRP MT6592 MT6582 MT6572 MT6589 MT6595