Pro Myankey V2.0 Beta 5 ကီးဘုတ်လေး


Android Version 4.1.x အထက်တွေမှာ မြန်မာစာရေးရာတွင် စာတွေရှေ့နောက်မကူးစေတဲ့ အသစ်ထွက်ရှိလာတဲ့ Pro Myankey V2.0 Beta 5 ကီးဘုတ်လေးပါ
စာရိုက်ရတာ အထူးကောင်းမွန် စာရိုက်မြန်စေတဲ့ ကျနော်အကြိုက်ဆုံးကီးဘုတ်ဖြစ်ပါတယ်

MMUC မှ ကိုThu Rein ရေးထားတဲ့ Pro Myankey ကီးဘုတ်လေးပါ ။
ရိုက်ကွက်ဖွဲစည်းပုံလဲ ကွန်ပြူတာဇော်ဂျီကီးဘုတ် လက်ကွက်တိုင်းပါပဲ

တစ်ဘက်စာမျက်နှာမှာရှိတဲ့ ကိုယ်ရွေးချင်တဲ့စာကိုလဲ တစ်ဘက်သို့လှန်စရာမလိုပဲ ထိုစာလုံးရှိရာတည်နေရာကို လက်ဖြင့်နှစ်ချက်ခေါက်လိုက်ပါက နောက်ဘက်စာမျက်နှာရှိ စာလုံးကို အော်တိုရွေးချယ်ပြီးသားဖြစ်သွားပါမယ် ။ 
စာမျက်နှာလှန်စရာမလိုပဲ တစ်မျက်နှာထဲမှာ လိုရာပုံဖေါ်ရေးနိုင်တဲ့ ကီးဘုတ်အလန်းလေးဖြစ်ပါတယ် ။

( ကိစ္စ )ဆိုပြီး ထိုကဲ့သို့ စာလုံး နှစ်လုံးဆင့်ရိုက်လိုက ( စ ) ကို ဖိထားလိုက်ပါ ထွက်လာပါလိမ့်မည် ။


( ထိုကီးဘုတ်မှာ Frozen Keyboard Pro ထက် ဘာအားသာလဲဆိုတော့ 
မိတ်ဆွေ Frozen Keyboard Pro ကို အသုံးပြုကာ မြန်မာစာရိုက်ပြီး ရှာဖွေမှူတစ်ခုလုပ်ကြည့်ပါ ။

သဘောက မိတ်ဆွေ Myanmar English Dictionary ဖြစ်တဲ့ Shwe Book Pro ဆော့ဝဲမှာ ( ရေ ) ဆိုပြီး မြန်မာစာရိုက်ပြီး စာရှာကြည့်ပါ ။
ကိုယ်ရှာဖွေလိုတဲ့ စကားလုံးတွေထွက်မလာပါဘူး ကီးဘုတ်ရဲ့စာတွေရှေ့နောက်မကူးအောင် ဖွဲစည်းထားတဲ့ အခြေခံ အားနည်းချက်ကြောင့်ဖြစ်ပါတယ် ။

Pro Myankey နဲ့ ( ရေ ) ဆိုပြီးရိုက်ကြည့်လိုက်ပါ ကိုယ်ရှာဖွေလိုတဲ့ စကားလုံးတွေ ထွက်လာပါလိမ့်မယ် )

" အင်စတော လုပ်နည်း နှင့် အသုံးပြုနည်းကို ဒီမှာလေ့လာပါ "
Pro MyanKey ကို အင်စတောလုပ်ပြီးတဲ့အခါမှာ Open ကို တန်းနှိပ်လိုက်ပါ MyanKey Enable လုပ်ရန် ဆိုတဲ့စာကိုရွေးပါ
Pro Myankey အမှန်ခြစ်ပေးပြီး 

ဘေးက စက်တင်ဖြစ်တဲ့ စက်ဘီးလုံးပုံလေးထဲကို ဝင်လိုက်ပါ
Type Of Keyboard ဆိုတဲ့ စာနေရာကိုနှိပ်ပြီး Myankey 11 Keys ကို ရွေးချယ်ပေးလိုက်ပါ သင်အဆင်ပြေစွာ ထိုကီးဘုတ်ကို ချိန်းပြီး အသုံးပြုနိုင်ပါပြီ ။
( ကိစ္စ )ဆိုပြီး ထိုကဲ့သို့ စာလုံး နှစ်လုံးဆင့် ရိုက်လိုက ( စ ) ကို ဖိထားလိုက်ပါ ထွက်လာပါလိမ့်မည် ။ 

အကယ်၍ သင်ဟာ 
Myankey 10 Keys ကို ရွေးချယ်ပြီး အသုံးပြုမည်ဆိုပါက
သင်၏ကီးဘုတ်မှာ အောက်ပါပုံအတိုင်း ( 
₪ ) ပုံလေးပါနေတာကို တွေ့ရပါမည် ။



သူ၏ လုပ်ဆောင်ချက်ကတော့  စာလုံးနှစ်လုံးဆင့် ရေးဖို့ရန်အတွက် လုပ်ဆောင်ပေးခြင်းဖြစ်ပါတယ် ။

1 - ( ကိစ ) အကိုအရင်ရေးပြီး 

2 - ( 
₪ ) ကိုရေးလိုက်ပါ
3 - ပြီးနောက် ( စ ) ကို ရေးလိုက်ပါ

( ကိစ္စ ) ဆိုပြီး အတွဲလိုက်လေး ဖြစ်သွားတာကို သင်မြင်တွေ့ရပါလိမ့်မယ် ။ 
 



Pro Myankey V2.0 Beta 5 ကီးဘုတ်ကို လိုချင်သူများ Zippyshare လင့်ဖြင့် ဒီမှာဒေါင်းယူနိုင်ပါတယ် ။
Pro Myankey V2.0 Beta 5 ကီးဘုတ်ကို လိုချင်သူများ Dev-Host လင့်ဖြင့် ဒီမှာဒေါင်းယူနိုင်ပါတယ် ။ 
Pro Myankey V2.0 Beta 5 ကီးဘုတ်ကို လိုချင်သူများ Limelinx လင့်ဖြင့် ဒီမှာဒေါင်းယူနိုင်ပါတယ် ။ 

Comments

Popular posts from this blog

Window Zawgyi to Unicode Change script

How to work emmcdl.exe

How To Make Create TWRP MT6592 MT6582 MT6572 MT6589 MT6595