HWH ဥုံ Android Version Update နှင့် Windows Computer Version များရယူနိုင်ပါပြီ (Updated 19 July 2013 Martyr's day)

 

မိတ်ဆွေများခင်ဗျာ.. ကျွန်တော် ဒီရက်ပိုင်း ခရီးခဏခဏထွက်နေရတာက တစ်မျိုး၊ ပြန်ရောက်ပြန်တော့လည်း ကျွန်တော်သုံးတဲ့ ADSL လိုင်က ခဏခဏပြတ်၊ လိုင်းကောင်းတော့ မီးပြတ်. ဒီလိုနဲ့ ပို့စ်မတင်ဖြစ်တာ. ၂ ရက် ၃ ရက်လောက်ရှိသွားပါပြီ..

မနေ့က HWH (ဥုံ) Android Version Update နဲ့ Windows Computer Version ထွက်တာတောင် တင်ပေးမလို့ မတင်လိုက်နိုင်ပါဘူး.. မနေ့က လုံးဝ သုံးမရလို့ပါ.. ကျွန်တော့်တို့ရဲ့ Android Device တွေမှာ HWH(ဥုံ) Application လေး တွေအသုံးပြုနေကြတာကိုတွေ့ရမှာပါ.. လူသုံးအများဆုံး NEWS update Application လေးလည်းဖြစ်ပါတယ်.. ဒါကြောင့် ဗားရှင်း အသစ်တွေကို ရယူနိုင်ဖို့ Admin ရဲ့ ပို့စ်တစ်ခုလုံးကို မူရင်းအတိုင်း ဖေါ်ပြပေးလိုက်ပါတယ်..
-----------------
 HWH ဥုံ ဘာလဲဆိုတာတော့ အကျယ်တ၀င့် မရှင်းတော့ပါဘူး။ အင်တာနက် ၁၅မိနစ်ရှိရုံနဲ့ စက္ကန့်တိုင်း၊ မိနစ်တိုင်း ပြောင်းလဲနေတဲ့ အင်တာနက်ပေါ်မှာ စီးဆင်းနေတဲ့ သတင်း၊ သုတ၊ ရသ၊ နည်းပညာ၊ အားကစား၊ စသဖြင့် ကဏ္ဍမျိုးစုံကို ဖတ်ရူနိုင့်မယ့် Offline News Readerလေးပါ။ ယခု Android Versionသစ်မှာတော့ RFA, BBC, VOA, NHK နေ့စဉ် အသံလွှင့် အစီအစဉ် များကိုပါ Onlineဖြင့် တိုက်ရိုက် နားဆင်နိုင်ပါတော့မယ်။ Windows Computer Versionကတော့ The First Myanmar Offline News Reader လို့ထင်ပါတယ်။ ပထမဆုံး Versionဖြစ်တဲ့ အပြင် ကျွန်ုပ်သည်လည်း Developer/Programmerကြီး တစ်ယောက်မဟုတ်လို့ အားနည်းချက် များစွာရှိနိုင်ပါတယ်။ သို့ပေမဲ့ အင်တာနက်ပေါ်က အကောင်းဆုံးဆိုတဲ့ Frameကို ယူသုံးထားလို့ အဆင်ပြေမယ်လို့ ထင်ပါတယ်။

***အထူးအသိပေးလိုသည်မှာ Downloadဆွဲ ရယူပြီး rar ဖိုင်အား ဖွင့်ပြီးလျှင် Read Me First ဖိုင်အား ဦးစွာဖတ်ပေးပါရန်နှင့် Windows Computer Software Install မလုပ်မီ Read Me First စာအုပ်ပါ လမ်းညွှန်ချက် နံပါတ်များအတိုင်း လုပ်ဆောင်ပါက ပို၍ အဆင်ပြေစေမည်ဖြစ်သည်။***

 ဒီနေရာမှာ ရယူပါ

Download For Android => Link 1 / Link 2
Download For Computer => Link 1 / Link 2

Comments

Popular posts from this blog

Window Zawgyi to Unicode Change script

How to work emmcdl.exe

How To Make Create TWRP MT6592 MT6582 MT6572 MT6589 MT6595