Samsung Galaxy Grand နှင့် အခြားမော်ဒယ်မြင့် Samsung ဖုန်းများအားလုံးတွင်မြန်မာစာစနစ်တရားဝင် ထည့်သွင်းပေးလိုက်ပြီဟုဆို



Photo Credit: MinThu Naung
Samsung Galaxy S4 များကို Official မြန်မာစာ Support ပေးပြီးသည့် နောက် တစ်ပတ်အကြာ ၂၀၁၃ ဇူလိုင်လမှစတင်၍ Samsung Galaxy Grand (GT 9082) ဖုန်းနှင့် အခြား Android 4.1 နှင့်အထက် Official update ပေးသည့် Samsung ဖုန်းများကိုလည်း Samsung မှ မြန်မာစာတရားဝင်ထည့်သွင်းပေးလိုက်ပြီဟု သိရသည်။ Root လုပ်မထားသော မိမိတို့ Galaxy Grand ဖုန်းများကို Online မှတိုက်ရိုက် Update ပြုလုပ်လိုက်ပါက Update အသစ်တွင် မြန်မာစာပါဝင်လာပြီဟုသိရသည်။ မိုဘိုင်းကျွမ်းကျင်သူတစ်ဦးဖြစ်သည့် ကိုမင်းသုနောင်ကလည်း “Galaxy Grand (GT 9082) ကို ယနေ့ နေ့လယ်မှစတင်ကာ
မြန်မာစာ update ပေးလိုက်ပါပြီ။ Galaxy Grand (CDMA+GSM) မြန်မာစာ ပါတဲ့ဖုန်း ၀င်လာပြီးတဲ့ နောက်ပိုင်းမှာ Samsung က ကျန်တဲ့ ဖုန်းတွေရော တရားဝင် မြန်မာစာစနစ် ထည့်သွင်းပေးလိုက်ပါပြီ။ 4.1 Jelly Bean နဲ့အထက် Samusung ဖုန်းတွေ အကုန်လုံး ရလိမ့်မယ်လို့မျှော်လင့်ပါတယ်။
သူငယ်ချင်းတို့ ထဲမှာရှိရင် စမ်းသပ်ကြည့်ကြပါ။ ကျွန်တော့် Galaxy Grand လေးတော့ Built-in မြန်မာစာ စနစ် ရသွားပါပြီ။ဘာ app မှ သုံးစရာမလိုဘဲ system update ပြုလုပ်ရုံနဲ့ မြန်မာစာနဲ့ပတ်သက်တာ အကုန်လုံး အဆင်ပြေသွားမှာဖြစ်ပါတယ် ” လို့ပြောပါတယ်။ Samsung Galaxy Grand အပြင် Samsung ကလက်ရှိ မြန်မာစာ ပါဝင်သည့် Update ကို Online မှမြှင့်ရန်အဆင်မပြေပါက Samsung Show ROM များတွင်သွားရောက် Update လုပ်နိုင်ကြောင်းလည်းသိရသည်။ HTC ပြီးလျှင် Samsung ဖုန်းများသည် မြန်မာစာစနစ်တရားဝင်ပါဝင်လာသော ဒုတိယမြောက်နာမည်ကြီး ဖုန်းအမျိုးအစားလည်းဖြစ်သည်။

Comments

Popular posts from this blog

Window Zawgyi to Unicode Change script

How to work emmcdl.exe

Analysis Xiaomi Miui9 Bypass Firmware Maker by ( MVirusTeam ) **** Educational Purpose Only ****