Adobe Illustrator ဖြင့် 3 Dimension Pinion တစ်ခု ဖန်တီးကြရအောင်

Step 1
 
Star Tool ကိုရွေးချယ်ပြီး၊ Click လုပ်လိုက်ပါ။ Options မှာ ပုံထဲကအတိုင်းဖြည့်ပြီး၊ OK နှိပ်လိုက်ရင် ထောင့် (၁၂)ခုပါတဲ့ Star တစ်ခု ရပါမယ်။
Step 2
 
Ellipse Tool ဖြင့် Click လုပ်ပြီး၊ Width 65 pt, Height 65 pt ပေးပြီး စက်ဝိုင်းတစ်ခု ဖန်တီးလိုက်ပါ။ Selection Tool နဲ့ နှစ်ခုစလုံး ရွေးချယ်လိုက်ပြီး၊ Option Bar မှာ Horizontal Center နဲ့ Vertical Center တွေကို နှိပ်လိုက်ရင် ပုံထဲကအတိုင်း ဗဟိုတူ ရပါမယ်။ Window Menu မှ Pathfinder နှိပ်ပြီး၊ Pathfinder Panel ကို ဖွင့်ပါ။ ပြီးတော့ Alt Key ဖိပြီး၊ Add ကို နှိပ်လိုက်ရင် ပုံထဲကအတိုင်း Star နဲ့ စက်ဝိုင်းက ပေါင်းစပ်သွားပါပြီ။
Step 3

Ellipse Tool ဖြင့် Width 80 pt, Height 80 pt ပေးပြီး၊ စက်ဝိုင်းတစ်ခု ဖန်တီးပါဦး။ ပြီးရင် ဗဟိုတူ ချိန်လိုက်ပါ။ Alt Key ဖိပြီး၊ Pathfinder မှ Interset ကို နှိပ်လိုက်ရင် ပုံထဲကအတိုင်း ပင်နီယံ ပုံစံ ပေါ်လာပါပြီ။ Toolbox မှ Fill Color ကို ရွေးချယ်ပြီး၊ အပြာရောင် ဖြည့်လိုက်ပါ။
Step 4



Width 45 pt, Height 45 pt ရှိတဲ့ စက်ဝိုင်းတစ်ခုဖန်တီးပြီး၊ Object နှစ်ခုကို ဗဟိုတူ ချိန်ပေးပါ။ ပြီးရင် Alt Key ဖိပြီး၊ Pathfinder မှ Subtract ကို နှိပ်လိုက်ရင် ပုံထဲကအတိုင်း ဖေါက်ထုတ်ပေးပါလိမ့်မယ်။
Step 5


Rectangle Tool နဲ့ Click လုပ်ပြီး၊ Width 5 pt, Height 15 pt ပေးလိုက်ပါက စတုဂံသေးတစ်ခု ရရှိပါမယ်။ ပုံထဲကအတိုင်း ထားပြီး၊ အထက်ပါအတိုင်း Subtract ဖြင့် နှုတ်လိုက်ပါ။ ဒါဆိုရင် 2D Pinion တစ်ခု ရပါပြီ။
Step 6




Effect Menu ရဲ့ 3D မှ Extrude & Bevel ကိုနှိပ်ပြီး၊ ပုံထဲကအတိုင်း ရွေးချယ်ပေးပါ။ Preview ရွေးချယ်ခြင်းဖြင့် မိမိပုံကို မြင်ရပါမယ်။ Rotation အတွက် ဒီဂရီများ ရိုက်ထည့်ခြင်း၊ Pointer ဖြင့် ဆွဲလှည့်ခြင်းတို့ဖြင့် အလိုရှိသလို လှည့်နိုင်ပါသည်။ ကဲ.. မိတ်ဆွေ အောက်ပါပုံအတိုင်း လိုသလောက် ဖန်တီးနိုင်ပါပြီ။ မခက်ပါဘူးနော်..


Comments

Popular posts from this blog

Window Zawgyi to Unicode Change script

How to work emmcdl.exe

How To Make Create TWRP MT6592 MT6582 MT6572 MT6589 MT6595