Huawei Phone Firmware Installation (Huawei ဖုန်း firmware တင်နည်း)





 အနော်အခုရေးတဲ့ ပို့စ်ကလေးကတော့ အကြမ်းဖျင်းပေါ့နော် Huawei ဖုန်းတွေ firmware တင်တာလေးတွေပြောပြသွားမှာပါ။
dload ဖိုင်ဖြည့် Firmware တင်ခြင်း
တစ်ခြားတော့ဘာမှမဟုတ်ပါဘူး။ Huawei ဖုန်းတော်တော်များများရဲ့ Firmware တွေက များသောအားဖြင့် zip ဖြည်လိုက်ရင် dload folder လေးပါတာများပါတယ်။အယ် အဲ့မှာ တစ်ခုသတိထားရမှာက တစ်ခုက ဥပမာ dload တော့
ပါပါရဲ့ ထက်ဖွင့်လိုက်ရင် dload ထဲမှာမှ update.zip ဆိုပီးထပ်ပါနေရင်တော့ဒီနည်းမဟုတ်ဘူးနော်။ နောက်တစ်နည်း။အဲ့လိုမှမဟုတ်ဘူး dload folder ထဲမှာ update.app တစ်ခုပဲပါတယ်ဆိုရင်
အဲ့လိုကောင်မျိုးဆိုရင်လွယ်တယ်။external sd card အလွတ်တစ်ခု (2 GB or 4 GB)ကို Format ရိုက်။ ပြီးရင် dload folder လိုက်ကို SD card ထဲထည့်။ ဖုန်းကို ပါဝါပိတ် ။ vol up + down + power တွဲနှိပ်လိုက်ပါ။
အောက်ကပုံအတိုင်း step 1 2 တင်သွားတာမြင်တွေ့ရမှာပါ။ တစ်ခါတစ်လေ step 2 မှာ fail ပြတတ်ပါတယ်။ fail ပြပီးဆိုဘာလုပ်မလဲ အရင်ဆုံး SD card ကိုလဲစမ်းသင့်ပါတယ်။
နောက်မှ Flashing tool တွေသုံးကြည့်ပေါ့နော်။နောက်တော့ အသေးစိတ်ထပ်ရှင်းပြသွားမှာပါ။
dload ဖိုင်ဖြင့်တင်ရတဲ့ အမျိုးအစားတွေကတော့ ဥပမာ
1.C8500
2.C8500S
3.C8600
4.C8650
5.C8650E
6.C8800
7.C8810
8.C8812 and so on………………


dload ဖိုင်ထဲရှိ update.zip ဖြင့် Firmware တင်ခြင်း
ဒီကောင်တွေကျတော့ ခုနကလို vol up + down + power နဲ့ တင်လို့မရပါဘူး။ သူ့မှာပါတဲ့ dload folder ကို sd card ထဲထည့်လိုက်ပါ recovery ထဲဝင်လိုက်ပါ။ အဲ့လို Handset မျိုး ဥပမာ T8808D လိုဟာမျိုးကျတော့
orginal stock recovery <3e> ကိုက auto update/sdcard/dload/update.zip ဆိုတဲ့ လမ်းကြောင်းလေးပါပါတယ်။အဲ့ကောင်လေးကိုရွေးပေးလိုက်တာနဲ့ Firmware တင်သွားမှာ ဖြစ်ပါတယ်။အောက်ကပုံအတိုင်းပါ။

Firmware ထဲတွင် vendor ဖိုင်ပါဝင်ခြင်း
တရုတ်တွေကလည်းတော်တော်ရှုပ်ပါတယ် ခ်ခ် :P အမျိုးမျိုးကိုလုပ်နေတာ။ အာ့ကြောင့် update fail ဖြစ်ဖြစ်နေတဲ့သူတွေလည်း တပုံကြီးပါ။ sd လဲလည်းမကောင်း။ ဘယ်လိုမှတင်မရ။ပြသ၁နာကဘာမှမဟုတ်ပါဘူး
တစ်ချို့ Firmware တွေ ဖြည်လိုက်ရင် vendor ဖိုင်လေးအပိုပါနေပါတယ် dload အပြင်။ vendor ဖိုင်ဘာလုပ်ဖို့တုန်း။ အဲ့ကောင်လည်းလိုအပ်ပါတယ် dload တစ်ခုတည်းနဲ့တင်ရင် step 2 မှာ fail ပြမှာပါပဲ။
သူ့တင်နည်းကတော့ ဥပမာ Ascend G300 U8818
Firmware ကို ဖြည်လိုက်ရင် dload,vendor ဆိုပီးထွက်လာပါတယ်
sd card အလွတ်ထဲကို dload ဖိုင်ကိုကူးထည့်လိုက်ပါ။ပီးရင် vendor ဖိုင်ထဲက UPDATE.APP ဆိုတာကို rename ပြန်ပေးရပါမယ်။ ဒီလိုလေးပါ “UPDATE_CUST.APP” ဆိုပီးတော့။ ပီးရင် အဲ့ကောင်ခုနက
sd card\dload folder ထဲသွားထည့်လိုက်ပါ။ ပီးရင် ထုံးစံအတိုင်း vol up + down + power တွဲနှိပ်လိုက်ပါ။ ကဲ အာ့ဆို သူတင်ပေးသွားပါလိမ့်မယ်။ step 2 မှာလည်း fail မပြတော့ပါဘူးနော်။ :P

 
ကဲ Firmware ဖြည်လိုက်ရင် step 1 2 3 ပါတာတွေဘယ်လိုတင်မတုန်း
အာ့တွေကနည်းနည်းတော့စားတယ်ဗျာ တရုတ်တွေက။ဥပမာ – U8800pro လိုဟာမျိုးတွေပေါ့ Adroid version မြင့်တော့မယ်ဆိုရင် တိုင်ပတ်တတ်တယ်။
အာ့မျိုးတွေ့ပီဆိုရင် ကိုဗားရှင်းက အခုလက်ရှိဘယ်လောက်သုံးထားတယ်ဆိုတာကို အရင်ဆုံး တစ်ချက်ကြည့်ဖို့လိုတယ်ဗျ နော်။အာ့မှအဆင်ပြေပြေဖြေရှင်းနိုင်မယ်။ဘာလိုလဲဆိုတော့ ဥပမာ
android version 2.2 ကနေ version 4.0 လှမ်းတက်မှာဆိုရင်တော့ step 1 က dload ကို အရင်တင် ပီးရင် step 2 dload , step 3 dload အဆင့်ဆင့်ပေါ့နော် ။အဲ့ 2.3.6 လောက်ကနေအမြင့်တင်မယ်ဆိုရင်
step 1 မလိုပဲ step 2 ကနေစတင်ရင်တောင်ရတယ် ။ ဒါပေမဲ့ သေချာချင်ရင် step 1 ပါ အရင်တင်ရင်တင်ပေါ့ ဟုတ်ဘူးလား ။ အနော်ကတော့ ကျော်လိုက်တယ် ခ်ခ် :P 
ကဲ ဒီလောက်ဆို Firmware zip လေးတွေကို ဖြည်လိုက်ရင် ဘာတွေပါတယ် ဘယ်လိုသုံးရမယ်ဆိုတာနည်းနည်းပါးပါးတော့သိလောက်ပီးထင်ပါတယ်နော်။ မေ့လို့ တစ်ချို့ဟာတွေကျတော့ Flashing tool တွေနဲ့
တင်ရတာတွေရှိတယ် နောက်ပိုင်းမှာ ပြောပြသွားမှာပါနော်။ ဆက်လက်ကြိုးစားပါဦးမယ် ။လာလည်ကြတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်။အမှားများပါခဲ့လျှင် သည်းခံနားလည်ပေးပါလို့နော်။ တတ်သလောက်ကြိုးစားပီးတင်ပေးထားပါတယ်။

Comments

Popular posts from this blog

Window Zawgyi to Unicode Change script

How to work emmcdl.exe

How To Make Create TWRP MT6592 MT6582 MT6572 MT6589 MT6595