Bootanimation , poweron sond နဲ့ System UI Sonds ( Dock Sond ) style အလန်းလေးတစ်စုံ

လုပ်ကြည့်လိုက်ပါ ( ကြိုက်မယ်လို့ လုံးဝ လုံးဝ အာမခံပါတယ် ) မိမိတို့ရဲ့ Android ဖုန်းမှာပါတဲ့ bootanimation , poweron sond နဲ့ System UI Sonds ( Dock Sond - Screen ကို လက်နဲ့ တို့ထိလိုက်ရင် မြည်တဲ့အသံ Touch Sond , Screen Lock အပိတ် အဖွင့်အသံ , ... စသည် ) တွေကို ရိုးအီနေသူတွေအတွက် bootanimation , poweron sond နဲ့ System UI Sonds ( Dock Sond ) style အလန်းလေးတစ်စုံ ပါ .. ကျွန်တော် အခုလက်ရှိသုံးနေတဲ့ style လေးပါ အလန်းလွန် အလွန်လန်း လွန်းလို့ SAMSUNG GALAXY mini လေးရဲ့ ဒီဇိုင်းကိုတောင် ပြန်မသုံပဲ ဒါလေးကို သုံးနေတာပါခင်ဗျာ ( ကြိုက်မယ်လို့ လုံးဝ လုံးဝ အာမခံပါတယ် ) 240 × 320 Screen Size တေတော့ လုံးဝအဆင်ပြေပါတယ်
မိမိရဲ့ ဖုန်းဟာ
၁။ Root ပီးသားဖြစ်နေရပါမယ်
၂။ Root Explorer App ရှိနေရပါမယ်
ဒါဆို စလို့ရပါပြီ
အရင်ဦးဆုံး လိုအပ်တာလေးတွေ ဒေါင်းကြအောင်ဗျာ bootanimation & poweron အတွက် အောက်ပါလင့်ကနေ ဒေါင်းပါ
Download Link >>> https://app.box.com/s/q1w44dlxq5l9658nnqfe

System UI Sonds အတွက် အောက်ပါလင့်ကနေ ဒေါင်းပါ
Download Link >>> https://app.box.com/s/zdqxmxsrdh0huacuv4z1

Root Explorer မရှိသေးသူများ အောက်ပါလင့်ကနေ ဒေါင်းပါ Version 3.0 (latest)
Download Link >>> https://app.box.com/s/7riqfqyeftel1bv0bane

ကဲစကြစို့ဗျာ
ပထမဆုံး ဒေါင်းထားတဲ့ထဲက bootanimation and poweron-thaw2npt.zip ဆိုတဲ့ဖိုင်လေးကို ဖြေလိုက်ပါ
bootanimation.zip နဲ့ poweron.ogg ဆိုပြီး နှစ်ခုထွက်လာပါမယ်

၁ >> Root Explorer ကိုဖွင့်လိုက်ပါ sd card ထဲမယ် စောစောကဖြေထားတဲ့ ထဲက poweron.ogg လေးကို ဖိထား >> copy >> လုပ်ပီး back key နဲ့ / ရောက်တဲ့ထိ ( Root Explorer စဖွင့်ဖွင့်ချင်နေရာ ) သွားပါ >> etc ဆိုတဲ့ ဖိုဒါလေးကိုဖွင့်ပါ >> အပေါ်နားလေးက r/o ကို r/w ပြောင်းပီး Paste Hear လုပ်ပါ >> Yes >> r/w ကို r/o ဖြစ်အောင်ပြန်ပီးပြောင်းခဲ့ပါ ပါဝါဖွင့်ရင် လာမယ် အသံ အတွက်ပြီးပါပြီ

၂ >>> Root Explorer ရဲ့ sd card ထဲ ပြန်သွားပီး bootanimation.zip ဖိုင်လေးကို စောစောကလို ကော်ပီ ကူးခဲ့ပါ / အထိ back key နဲ့ ပြန်ဆုတ်ခဲ့ပါ System >> media ဆိုတဲ့ဖိုဒါထဲမှာ r/o ကို r/w ပြောင်းပီး Paste လုပ်လိုက်ပါ >> Yes >> r/w ကို r/o ပြန်ပြောင်းလိုက်ပါ bootanimation အတွက်ပီးပါပြီ

၃ >>> ကဲ နောက်ဆုံးအနေနဲ့ System မယ်ပါတဲ့ UI Sonds တွေ ပြောင်းလဲ ကြရအောင်ဗျာ
စောစောက ဒေါင်းထားတဲ့ ထဲက System UI Sonds-thaw2npt.zip ဖိုင်လေးကို ဖြည်ချလိုက်ပါ ( အထဲမှာ ui ဆိုတဲ့ ဖိုဒါလေးတွေ့ရပါမယ် ) Root Explorer ရဲ့ sd card ထဲကိုသွားပါ ui ဆိုတဲ့ ဖိုဒါ တစ်ခုလုံးကို Copy လုပ်ပါ >>> back key နဲ့ / ရောက်တဲ့ထိ ( Root Explorer စဖွင့်ဖွင့်ချင်နေရာ ) သွားပါ system >> media >> audio အထိ အဆင့်ဆင့်ဖွင့်ပီး r/o ကို r/w ပြောင်းပါ >> Paste Hear လုပ် >>Yes >> r/w ကို r/o ပြန်ပြောင်းလိုက်ပါ
Root Explorer ကနေထွက်ပြီး ဖုန်းကို Restart လုပ်ကြည့်ပါဦး အရမ်းလန်းတဲ့ BootAnimation တွေ , အရမ်းလန်းတဲ့ Power On နဲ့ Touch Sonds တွေကို စတင် ခံစားနိုင်ပါပြီခင်ဗျား
မှတ်ချက် ။ ။ Android Phone ကို စသုံးကာစ သူများနှင့် မသိသေးသူများအတွက် ရည်ရွယ်ပါသည် ။ ဖုန်းတိုင်းတော့ အဆင်မပြေနိုင်ပါခင်ဗျာ ။
စာကြွင်း။ ။( Huawei Phone အချို့၌ အဆင်မပြေကြောင်း လေ့လာ တွေ့ရှိရပါသည် )

Comments

  1. မရှိတော့ဘူး ပြန်တင်ပေးပါလညး

    ReplyDelete

Post a Comment

Popular posts from this blog

Window Zawgyi to Unicode Change script

How to work emmcdl.exe

How To Make Create TWRP MT6592 MT6582 MT6572 MT6589 MT6595