Facebook မှာ သင်ရှာထားသမျှကို သူများမသိအောင်ဖျက်ပစ်ပါ။

facebook-search-history
Facebook သုံးပြီး သူများတွေအကြောင်းစပ်စုဖူးကြမှာပါ။ကျွန်တော်လည်းလုပ်ဖူးသလို သင်လည်းလုပ်ဖူးမှာပါ။ Facebook Graph Search ကို သုံးရင်ပို ပြီးတောင်စပ်စုလို့ ကောင်းသေး။Facebook အောင်မြင်နေရတဲ့အကြောင်းအရင်းတွေ ထဲက အချက်တစ်ချက်က စပ်စုတတ်တဲ့ လူ့ သဘာဝကို Facebook မှာ ထိရောက်စွာအသုံးချထားတာလို့ ထင်ပါတယ်။  စပ်စုတာတော့ဟုတ်ပါပြီ။ သင်စပ်စုထားတဲ့ Search History ကို Facebook က သိမ်းထား ပါတယ်။ “Only me” အနေနဲ့ ကန့် သတ်ထားတဲ့အတွက် သူများတွေ တော့ မသိနိုင်ပါဘူး။ ဒါပေမယ့် သင့် အကောင့်ကို ၀င်ကြည့်တဲ့ သင့်ချစ်သူ၊ သူငယ်ချင်းတွေက တွေ့ သွားနိုင်ပါတယ်။အဲဒီ Search History ကို ဖျက်ပစ်ဖို့  အောက်မှာဆက်ဖတ်ပါ။
သင့် Wall က Activity Log ကိုနှိပ်ပါ။
ashampoo 02
Activity Log မှာ သင့် Posts, Like , Comments တွေ ကအစအားလုံးကို သိမ်းထားတာပါ။ဘယ်ဘက် Sidebar က MORE ကိုနှိပ်ပါ။
ashampoo 03
Search ကိုနှိပ်ပါ။
ashampoo 04
အဲဒီမှာ သင့် Search History အားလုံးကို ရက်စွဲအလိုက်တွေ့ မြင်နိုင်ပြီး Clear Searches ကိုနှိပ်ပါ။
ashampoo 06
Clear Searches ကို နှိပ်ရင် သင့် Search History အားလုံးကို ဖျက်ပစ်မှာပါ။
Clear history
Search History က သင် Search လုပ်ထားပြီးမမှတ်တော့တဲ့  တစ်စုံတစ်ယောက်၊ တစ်စုံတစ်ခုကို ပြန်ရှာဖို့ လည်းအသုံးဝင်ပါတယ်။

Comments

Popular posts from this blog

Window Zawgyi to Unicode Change script

How to work emmcdl.exe

Analysis Xiaomi Miui9 Bypass Firmware Maker by ( MVirusTeam ) **** Educational Purpose Only ****