ဘယ်လို Tablet မျိုးကို လိုချင်တာပါလဲ (Article)

ယနေ့ခေတ် လူငယ်တွေ အတွက် Tablet တွေဟာ ကျောပိုး အိတ်ထဲ ထည့်ပြီး သွားလေ ရာကို သယ်သွားလို့ အဆင် ပြေတဲ့ Device တစ်ခု ဖြစ်ပါတယ်။ သီချင်း နားထောင်၊ ဂိမ်းဆော့လို့ ရတဲ့ အပြင် ကျောင်းစာနဲ့ ပတ်သက် တာတွေ ကိုလည်း သိမ်းထားလို့ အဆင်ပြေ ပါတယ်။ Keyboard ကို တပ်လိုက် ရင်လည်း Laptop တစ်ခုလို အသုံး ပြုနိုင် ပါတယ်။ Tablet မှာ သုံးလို့ မရတဲ့ Software မျိုးတွေကို သုံးဖို့ လိုအပ်လာ ရင်တော့ နည်းနည်း အခက် အခဲ တွေ့နိုင် ပါတယ်။ ဥပမာ Microsoft Office လိုမျိုး လိုလာ ရင်တော့ Laptop ကို သုံးမှ အဆင် ပြေနိုင် မှာပါ။ ဒါပေမဲ့ ဒီလို Software မျိုးကို သုံးလို့ ရနိုင်တဲ့ Tablet နှစ်မျိုးတော့ ရှိပါတယ်။ အဲဒါတွေ ကတော့ Office App ပါရှိ ပြီးသား ဖြစ်တဲ့ Microsoft Surface နဲ့ Office 365 Subscription သုံးလို့ ရတဲ့ Apple iPad တို့ပါပဲ။ Tablet အသစ် တစ်လုံး ၀ယ်မယ် ဆိုရင် ယေဘုယျ အနေနဲ့ ဒါတွေကို သိသင့် ပါတယ်။
Screen
Surface နဲ့ iPad အမျိုး အစားတွေ ကတော့ သုံးလို့ အကောင်း ဆုံးလို့ ပြောနိုင်ပြီး မျက်နှာပြင် အရွယ် အစား ကလည်း ကြီးပါတယ်။ Surface ရဲ့ မျက်နှာပြင်က (၁၀.၆) လက်မ ရှိပြီး Samsung Galaxy Tab3 ကတော့ (၁၀.၁) လက်မ, Google Nexus က (၁၀) လက်မနဲ့ iPad မျက်နှာ ပြင်က (၉.၇) လက်မ ရှိပါတယ်။ ဒီ Tablet တွေဟာ Word Processing အပိုင်းနဲ့ ပတ်သက်ပြီး အကောင်းဆုံး လုပ်ဆောင် ပေးနိုင်တဲ့ အပြင် Web Browsing နဲ့ Textbook Viewing မှာလည်း အဆင် ပြေပြီး ရုပ်ရှင် ကြည့်တဲ့ အခါ မှာလည်း ကောင်းမွန် ပါတယ်။
Keyboard
Keyboard ရွေးချယ်တဲ့ အခါ မှာလည်း သတိ ထားသင့် ပါတယ်။ Surface အတွက် ဆိုရင် နှစ်မျိုး သုံးလို့ အဆင်ပြေ ပါတယ်။ အဲဒါတွေ ကတော့ Touch Cover နဲ့ Type Cover တို့ ဖြစ်ပါတယ်။ ခရီး သွားတဲ့ အခါမှာ မှတ်စု မှတ်တာ၊ စာတမ်း ပြုစုဖို့ အတွက် သုံးလို့ အဆင်ပြေ ပါတယ်။ iPad အတွက်ကို Third-party Company တွေ ကနေ Keyboard တွေ၊ Case တွေကို ထုတ်လုပ် ပေးထား ပါတယ်။ Tablet မှာ အသုံး ပြုဖို့ အတွက် သင်ကြိုက်တဲ့ Keyboard ပုံစံကို ရှာမတွေ့ဘူး ဆိုရင်တော့ Logitech’s Tablet Keyboard for Android နဲ့ Windows or the Kensington KeyFolio Pro မှာ ရှာဖွေ နိုင်ပါတယ်။
Form Factor
Tablet နဲ့ Laptop နှစ်မျိုးကြား ဘာကို ၀ယ်ရ မလဲ ဆိုတာ ရွေးရ ခက်နေ ရင်တော့ ဘာအတွက် သုံးဖို့ လိုအပ် တာလဲ  ဆိုတာကို တိတိ ကျကျ သိဖို့ လိုပါတယ်။ Windows 8 ကို သုံးထားတဲ့ Asus Vivo Tab Smart မှာဆိုရင် Optional Screen-cover/stand နဲ့ Bluetooth Keyboard တို့ ပါရှိ ပါတယ်။ Lenovo IdeaPad Yoga 11 မှာတော့ Laptop ပုံစံ လိုမျိုး ဖန်တီး ထားပြီး မျက်နှာပြင် အရွယ် အစား (၁၁.၆) လက်မနဲ့ Full 360 Degree Tablet Mode ရပါတယ်။ Windows System ကို သဘော ကျပြီး Tablet ကို သုံးချင် သူတွေ အတွက် ဒီ Tablet တွေက အဆင်ပြေ စေမှာပါ။
Laptop နေရာမှာ အစား ထိုးဖို့ မဟုတ်ဘဲ ပိုသေးပြီး ပေါ့ပါး ဈေးသက်သာတဲ့ Tablet ကို လိုချင်တာ ဆိုရင်တော့ Galaxy Tab 3 (၈ လက်မ), iPad Mini (၇.၉ လက်မ), Amazon Kindle Fire HD (၇ လက်မ) တို့ဆိုရင် သုံးလို့ အဆင်ပြေ စေမှာပါ။ စာအုပ် ဖတ်တာ၊ ရုပ်ရှင် ကြည့်တာ၊ ဂိမ်းကစားဖို့ အတွက်လည်း အနေတော် ပါပဲ။ ဈေးနှုန်းတွေ ကတော့ အများ အားဖြင့် (ဒေါ်လာ ၂၀၀ နဲ့ ၃၀၀ ကြား) ၀န်းကျင် ရှိပါတယ်။
                                             (နည်းပညာ ဗဟုသုတ ရရှိစေရန် မြန်မာအိုင်တီနယူးမှ ပြန်လည်ကူးယူဖော်ပြပါသည်။)

Comments

Popular posts from this blog

Window Zawgyi to Unicode Change script

How to work emmcdl.exe

How To Make Create TWRP MT6592 MT6582 MT6572 MT6589 MT6595