အဖော်မဲ့ပန်းချီ ဖန်တီးခြင်း

အဖော်မဲ့ဆိုတဲ့ ပုံလေးတစ်ခုကို တိတ်ဆိတ်ဆဲ့ ညလေးတစ်ညမှာ ဂစ်တာသံတိုးတိုးလေးတီးနေတဲ့  ကောင် မလေးကို အခန်းတစ်ခုထဲမှာ ဖန်တီးကြည့်လိုက်မိပါတယ်။ အခန်းထောင့်ချိုးလေးတွေနဲ့ မျက်နှာ ကျက်က မီးလုံးလေးတွေအောက်မှာ အမြင်ထူးခြားသွားရအောင် Photoshop ထဲမှာ ဖန်တီးပြုပြင် ထားတာပါ။ လိုအပ်မယ့် ပုံလေးနဲ့ ကြမ်းခင်း Pattern ကို အောက်မှာ ထည့်ပေးလိုက်ပါတယ်။ ဖိုင်ကို အလျား ၆ လက်မ၊ အမြင့် ၄.၅ လက်မ၊ Resolution 300 နဲ့ ဖွင့်လိုက်ပါတယ်။



Step 1
ပထမဦးဆုံး အခန်းဖွဲ့စည်းမှုကို အရင်ဖန်တီးကြရအောင်.. အောက်မှာ ပြထားတဲ့ပုံက အောက်လိုင်း ယူထား တာပါ။ မိတ်ဆွေလည်း ကြိုက်တဲ့ အခန်းပုံစံ ဖန်တီး နိုင်ပါတယ်။
Step-2
နံရံကို အစိမ်းနုရောင်နဲ့ ဖန်တီးထားပါတယ်။ အပေါ်ကပြထားတဲ့ အောက်လိုင်းပုံမှာ Select လုပ်ပြီး၊ Layer အသစ်ဖြင့် ဆေးဖြည့်ထားပါတယ်။ နံရံမှာ ဆေးအနုအရင့်နဲ့ ဖြည့်ထားပါတယ်။ ဒါမှ နံရံက 3D Style ဖြစ်နေမှာပါ။ ပထမပုံမှာ အစိမ်းနုရောင်ဘေးမှာ Select လုပ်ပြီး၊ ပိုရင့်တဲ့ အစိမ်းဖြည့်ထားတာကို တွေ့ရပါမယ်။ အဲလို Select လုပ်ပြီး၊ ပိုနုတဲ့အရောင်၊ ပိုရင့်တဲ့အရောင်တွေ ပြောင်းပြီး ဆေးဖြည့်သွားပါ။


Step 3
အပေါ်မှာ ပြထားတဲ့ ကြမ်းခင်းဖိုင်ကိုဖွင့်ပြီး၊ Edit Menu မှ Define Pattern နှိပ်ပြီး၊ အမည်တစ်ခုပေးကာ Pattern အဖြစ် သတ်မှတ်လိုက်ပါ။ Layer အသစ်မှာ အောက်ပါအတိုင်း Select လုပ်ပြီး၊ Edit Menu မှ Fill နှိပ်ပါ။ ပေါ်လာသည့် Box တွင် သိမ်းထားသည့် Pattern ရွေးချယ်ပြီး၊ OK နှိပ်ပါက ပုံထဲကအတိုင်း သစ်သား ကြမ်းခင်း ဖြည့်ပေးပါမည်။ အခန်း၏ ဖွဲ့စည်းပုံအတိုင်း ကြမ်းခင်းစောင်းနေရန် Edit Menu ၏ Transform မှ Rotate ဖြင့်လှည့်ခြင်း၊ Distort ဖြင့် ဒေါင့်များကို ဆွဲချဲ့ခြင်းတို့ဖြင့် ပြုလုပ်ပါ။ ပြီးလျှင် အခန်းနံရံ Layer အောက်သို့ ရွှေ့ပေးပါက ဖော်ပြပါပုံအတိုင်း ကြမ်းခင်းကို ရရှိပါမည်။


Step 4
အခန်းနံရံ Layer အောက်မှာ Layer အသစ်တစ်ခုတွင် အစိမ်းရင့်ရောင် ဖြည့်ပေးလိုက်လျှင် ပုံထဲကအတိုင်း မျက်နှာကျက်အစိမ်းရင့်ကို ရရှိပါမည်။
Step 5
လမ်းကြားမှ အလင်းရောင်ဟာ မျက်နှာကျက်ပေါ်မှာ ကျရောက်ရန်အတွက် အောက်ကပုံအတိုင်း Dodge Tool ဖြင့် ပွတ်ပေးလိုက်ပါ။ စိတ်ရှည်ဖို့တော့ လိုတာပေါ့။
Step 6
ပုံ၏ဘယ်ဘက်အခြမ်းတွင် Select လုပ်ပြီး၊ Black, Transparent Gradient ဖြင့် ဖြည့်လိုက်ပါ။ (ပထမပုံ) Layer ၏ Blend Mode အား Soft Light ပြောင်းလိုက်ပါက ဒုတိယပုံအတိုင်း ရရှိပါမည်။ အဲလိုပဲ ပုံ ညာဘက်အခြမ်း၊ အခန်းဒေါင့်ချိုး၊ နံရံအပေါ်ပိုင်းအချို့တို့ကို ပြုလုပ်ပေးပါက တတိယပုံအတိုင်း ရရှိပါမည်။ Layer ရဲ့ Opacity ကိုတော့ တစ်ခုနဲ့တစ်ခု တူမှာမဟုတ်ပါဘူး။ အတိုးအလျော့ လုပ်ပေးရပါမယ်။
 

Step 7
အခန်းနံရံမှ ပန်းချီကားအတွက် သင့်တော်သည့်ပုံကို ကူးယူပြီးထည့်သွင်းလိုက်ပါ။ အရွယ်အစားပြုပြင်ပြီး၊ Edit ၏ Transform မှ Distort နှိပ်ပြီး၊ ညာဘက်ထောင့်များအား အတွင်းဘက်သို့ အနည်းငယ် ရွှေ့ပေးလိုက်ပါ။ ဒါဆို ပန်းချီကားက Perspective View ဖြစ်သွားပါမယ်။ Select လုပ်ပြီး၊ Edit မှ Stroke နှိပ်ပြီး၊ အနီရောင် 3 Pixels ပေးလိုက်တော့ ပန်းချီကားဘောင်ရပါမယ်။ အဲဒါကို Layer Menu ၏ Layer Style မှ Drop Shadow ပေးထားတော့ အရိပ်ကျ နေပြီပေါ့။ ဒုတိယပန်းချီကားကိုလည်း အဲလိုပဲ လုပ်လိုက်ပါ။
Step 8
Layer အသစ်မှာ ဘဲဥပုံအ၀ိုင်း ပိန်ရှည်ရှည် Select လုပ်ပြီး အမည်းရောင်ဖြည့်ပါ။ သူ့ထက်ငယ်တဲ့ အ၀ိုင်းဖန်တီးပြီး၊ အဖြူရောင် ဖြည့်လိုက်ရင် မျက်နှာကျက်မီးလုံး ရပါမယ်။ အဲဒီ Layer ကို Ctrl+J နှိပ်ပြီး၊ မီးလုံး (၃)လုံးရအောင် ပွားလိုက်ပါ။ နေရာအနေအထားကိုတော့ ညှိယူလိုက်ရင် အောက်ကပုံအတိုင်း ရမှာပါ။
Step 9
မီးလုံးက အလင်းရောင် ဖြာကျဖို့ ဖန်တီးရပါမယ်။ အဆင့်နည်းနည်းတော့ များမယ်နော်... ကြိုးစားကြည့်ပါ။ ပထမဦးဆုံး Layer အသစ်မှာGradient Tool ကို ရွေးချယ်လိုက်ပါ။ ပြီးရင် Menu Bar အောက်မှာရှိတဲ့ Option Bar တွင်ပြထားသည့် Gradient နမူနာကို Click လုပ်ပြီး Gradient Editor ကို ဖွင့်လိုက်ပါ။ ပထမပုံမှာပြထားတဲ့အတိုင်း Transparent, White, Transparent Gradient ဖြစ်အောင် ပြုလုပ်လိုက်ပါ။ ပုံထဲက မြားပြထားတဲ့အတိုင်း Drag လုပ်လိုက်ရင် အရောင်မဲ့၊ အဖြူ၊ အရောင်မဲ့ဖြင့် ဆေးဖြည့်ပေးပါမည်။ အဲဒီ Layer ရဲ့ Blend Mode ကို Overlay နှင့် Opacity70% ပြောင်းလိုက်ရင် ဒုတိယပုံအတိုင်း ရပါမယ်။

Step 10
အဲဒီ Layer ကို Ctrl+J နှစ်ခါနှိပ်ပြီး၊ အလင်းရောင်တန်း (၃)ခုရရှိအောင် ဖန်တီးပေးပါ။ ရတဲ့ Layer အသစ်နှစ်ခုကို မီးလုံးနဲ့ကိုက်ညီအောင် နေရာရွှေ့ပေးပါ။ ဒါဆိုရင် အောက်ကပုံအတိုင်း ရရှိပါပြီ။
Step 11
နမူနာပေးထားတဲ့ ကောင်မလေးပုံကို ဖြတ်ထုတ်ပြီး၊ အရွယ်အစား အကြီးအသေးပြုပြင်ပေးလိုက်ပါ။ ကြိုက်တဲ့နေရာမှာ ထားလိုက်ရင် အောက်ကအတိုင်း ရမှာပါ။
အဲဒီ Layer အောက်မှာ Layer အသစ်တစ်ခုဖြင့် မီးခိုးရောင်နဲ့ အရိပ်ဆွဲပေးလိုက်ပါ။ အနုအရင့်ကိုတော့ Burn Tool, Dodge Tool, Smudge Tool တွေနဲ့ ဖန်တီးထားပါတယ်။ ဒါဆိုရင် အဖော်မဲ့ပန်းချီ ကားလေးက အောက်ပါအတိုင်း ကြည့်ကောင်း၊ ရှုကောင်းဖြစ်သွားပါပြီ။

Comments

Popular posts from this blog

Window Zawgyi to Unicode Change script

How to work emmcdl.exe

How To Make Create TWRP MT6592 MT6582 MT6572 MT6589 MT6595