Adobe Illustrator နှင့် Photoshop တို့ဖြင့် ပြုပြင်ဖန်တီးခြင်း

မူရင်းပုံတစ်ပုံကို မိမိစိတ်ကြိုက် ပြုပြင်ဖန်တီးကြည့်ပါမယ်။ ဖန်တီးတာပဲဖြစ်ဖြစ်၊ ပြုပြင်တာပဲဖြစ်ဖြစ် အရောင်အနုအရင့်ဖြင့် အလင်းအမှောင် ဖန်တီးပေးရပါမယ်။ ဒါမှသာ ပုံဟာ အသက်ဝင်လှပပါမယ်။ ဆေးသားအနုအရင့်များဖြင့် ဖန်တီးထားမှသာ ပုံဟာ 3 Dimension ဖြစ်ပြီး၊ သဘာဝကျနေမှာ ဖြစ်ပါတယ်။ အောက်မှာ မူရင်းပုံနဲ့ ပြုပြင်ဖန်တီးထားတဲ့ ပုံကို ဖော်ပြထားပါတယ်။
 

Step 1
မူရင်းပုံကို Illustrator မှာဖွင့်လိုက်ပါတယ်။ Pen Tool အသုံးပြုပြီး၊ မူရင်းပုံကို Illustrator ဖြင့် Outline ယူလိုက်ပါတယ်။ Photoshop မှာလည်း Pen Tool ကိုသုံးနိုင်ပါတယ်။ အတူတူပါပဲ။ ပြီးတော့ အရောင်ဖြည့်ထားပါတယ်။
 

Step 2
အ၀တ်အစားတွေအတွက်ကိုလည်း Pen Tool နဲ့ပဲ ဆွဲလိုက်ပါ။ ပြီးတော့ အရောင်တွေ ဖြည့်ထားပါတယ်။ စိတ်ရှည်ဖို့တော့ လိုမယ်နော်။ မျက်လုံးရယ်၊ နှာခေါင်းရယ်၊ ပါးစပ်ရယ်ကိုလည်း ဆွဲထည့်ထားပါတယ်။

Step 3
Head Phone နဲ့ ကြိုးကိုလည်း ဆွဲပြီး၊ အမည်းရောင်ဖြည့်ထားပါတယ်။ မျက်မှန်ကိုလည်း ဆွဲထည့် လိုက်ပါတယ်။

Step 4
အလင်းအမှောင်တွေအတွက်လည်း အောက်ပါအတိုင်း ဆွဲပြီး၊ အရောင်တွေ ဖြည့်ထားပါတယ်။ ဖြည့်ထားတဲ့ အရောင်တွေက 2D ဖြစ်နေတဲ့အတွက် ပုံဟာ ကြွမနေဘဲ၊ ပြားနေတော့ ကြည့်မကောင်းပါဘူး။ Photoshop ထဲမှာ Editing လုပ်ပါမယ်။

Step 5
အဲဒီပုံကို Select All လုပ်ပြီး၊ ကူးယူလိုက်ပါ။ Photoshop တွင် Paste လုပ်လိုက်ပါ။ အရောင်ရင့်ဖို့အတွက် Burn Tool အရောင်ဖျော့ဖို့အတွက် Dodge Tool အရောင်ညှိဖို့အတွက် Smudge Tool တို့ကို သုံးထားပါတယ်။ ပွတ်လိုက်၊ ဆွဲလိုက်၊ ဖိလိုက်၊ ဖေါ့လိုက် လုပ်ရပါမယ်။ ဒါမှလည်း ပုံဟာ ကြွလာ ပါမယ်။ ပြီးမှ နောက်ခံ Layer မှာ Radial Gradient သုံးပြီး ဖြည့်ထားပါတယ်။ မျက်မှန်အတွက် Layer တစ်ခုထည့်ပြီး၊ အညိုနုရောင်ဖြည့်လိုက်ပါတယ်။ Opacity ကို လျှော့ပေးလိုက်ရင် အောက်က မျက်လုံးလေးတွေ ပေါ်လာမှာပါ။

Comments

Popular posts from this blog

Window Zawgyi to Unicode Change script

How to work emmcdl.exe

How To Make Create TWRP MT6592 MT6582 MT6572 MT6589 MT6595