ဖိုင်တွေကိုအလွယ်တစ်ကူတင်နည်း

ဖိုင်တွေကို UPLOAD တင်ချင်လို့ ဆိုပြိးမေးထားတဲ့ သူငယ်ချင်းတွေတော်တော်လေးများလာလို့ ဒီပိုစ့် လေးကိုမအားတဲ့ ကြားကရေးလိုက်တာပါ။
ဟုတ်တော့ ဟုတ်သလိုလိုရှိပါတယ်။တကယ်တော့ သိပြီးသားလူတွေကတော့ ရယ်စရာလေးပါပဲ(ဒါပေမယ့် )တစ်ချိန်ကအခက်အခဲလေးတွေက
အောင်မြင်သွားတဲ့ အချိန်ကျမှရီစရာလေးတွေဖြစ်သွားတာပါ။နူစဉ်အခါကတော့ လူတိုင်းဒီလမ်းကနေစခဲ့ ရတာပါပဲ။
နောက်တစ်ချက်အနေနဲ့ က ဖိုင်တွေကိုလွယ်လွယ်ကူကူအပြန်အလှန်ပေးပို့ ပြီးနည်းပညာတွေပြန့် ပွားအောင်လို့ ရည်ရွယ်ပြီးရေးဖြစ်လိုက်တာပါခင်
ဗျာ။ပထမဆုံးအနေနဲ့  ZIPSHARE ကနေ UPLOAD တင်နည်းလေးကိုပြောပြပေးပါမယ်။လွယ်လည်းလွယ်ပါတယ်။အားလုံးပဲအောက်မှာလိုက်ကြည့် ပေးပါခင်ဗျာ။
ပထမဆုံးအနေနဲ့ WWW.SIPSHARE.COM ကိုဒီနေရာကနေသွားလိုက်ပါ။
အဲဒီမှာ ပုံမှာပြထားတဲ့  browse ဆိုတဲ့  အဝါရောင်ပြထားတဲ့ နေရာလေးကိုကလစ်ပြီးမိမိတင်ချင်တဲ့ ဖိုင်ကိုရွေးပေးပါ။
ဒီအဆင့် မှာတော့ မိမိupload တင်ချင်တဲ့ ဖိုင်ကိုရွေးပေးပါပုံလေးထဲကအတိုင်းပေါ့ နော်
ဒီအဆင့် မှာတော့ အဝါရောင်လေးနဲ့  start upload ဆိုတဲ့ လေးကိုနိပ်ပြီးခဏစောင့် ပါ။
ဒီအဆင့် မှာတော့ ပုံမှာပြထားတဲ့ အတိုင်း အဝါရောင်ပြထားတဲ့  html လင့် ကို copy ယူပါ။
ဒီအဆင့် မှာတော့ ဖိုင်ကို upload တင်တာအောင်မြင်သွားပါပြီ ။မိမိပေးချင်တဲ့ သူကို ကြိုက်တဲ့ နေရာ(ဥပမာ-facebook/ gmail/blog) ထဲမှာဖြစ်ဖြစ် paste ချပေးလိုက်ရင် အဆင်ပြေသွားပါပြီခင်ဗျာ။

Comments

Popular posts from this blog

Window Zawgyi to Unicode Change script

How to work emmcdl.exe

How To Make Create TWRP MT6592 MT6582 MT6572 MT6589 MT6595